နိုင်ငံကူးလက်မှတ် သက်တမ်းတိုး အသစ်ထုတ်ပေးခြင်းကို ပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်ပေးမည်ဟု ဗီယက်နမ်ရှိ မြန်မာသံရုံးအသိပေး
Pearl (NSS) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အသစ်ရောက်ရှိလာ၍ သက်တမ်းတိုးအသစ်ထုတ်ပေးခြင်းများကို ပုံမှန်အတိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးက နိုဝင်ဘာလ (၂၀)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
သံရုံးအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် Machine Readable Passports-MRP စက်ချို့ယွင်းမှုကြောင့် ၂၀၁၆ ခုနှစ်၊ မေလပိုင်းမှစ၍ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးအသစ်ထုတ်ပေးခြင်းအား ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ သက်တမ်းတိုးမြှင့်ခြင်းအတွက် နိုင်ငံကူးလက်မှတ်များအပေါ်တွင် သံရုံးမှတံဆိပ်တုံးထု၍ သက်တမ်းတိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အသစ်ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံကူးလက် မှတ်သက်တမ်းတိုး အသစ်ထုတ်ပေးခြင်းများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် သံရုံးမှတံဆိပ်တုံးထု၍ သက်တမ်းတိုးမြှင့်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအသစ်လဲလှယ်ခြင်းများအတွက် စာအုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာနှင့် ပျောက်ဆုံး/ ပျက်စီးခြင်းများအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၀ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုင်နက်နယ်မြေကို တစ်လက်မမှ စွန့်လွှတ်အဆုံးရှုံးခံမှာမဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာ ပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း