နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အတွင်း စစ်ဘက်သုံး ဂြိုလ်တုလွှတ်တင်မယ်လို့ မြောက်ကိုရီးယားအစိုးရပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
မြောက်ကိုရီးယားအစိုးရက ၎င်းတို့ဟာ နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ စစ်ဘက်သုံးဂြိုလ်တု တစ်စင်း စမ်းသပ်လွှတ်တင်ဖို့ စီစဉ်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ အရှေ့တရုတ်ပင်လယ်နဲ့ ပင်လယ်ဝါဒေသမှာ ဂြိုလ်တုလွှတ်တင်ဖို့ စီစဉ်နေတာဖြစ် ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ဂြိုလ်တုလွှတ်တင်မယ့်အကြောင်းကို ဂျပန်အစိုးရထံ အသိပေးထားကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာပတ်လမ်းထဲကို ဂြိုလ်တုလွှတ်တင်မှု သုံးကြိမ်မြောက်ကြိုးပမ်းဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ကမ္ဘာပတ်လမ်းထဲကို ဂြိုလ်တုလွှတ်တင်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ခေါင်းဆောင်ကင်ဂျုံအမ် ရုရှားနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီးနောက်ပိုင်း လပိုင်းအကြာမှာ ဂြိုလ်တု လွှတ်တင်ဖို့ ထပ်မံကြိုးပမ်းတာဖြစ်ပါ တယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း ရုရှားနိုင်ငံရဲ့ခေတ်အမီဆုံး အာကာသစင်တာကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။
ရုရှားသမ္မတပူတင်ကလည်း မြောက်ကိုရီးယားနိုင်ငံကို ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး အကူအညီပေးမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကို ကတိပြုခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံက တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် မကြာမီ ဂြိုလ်တုလွှတ်တင်မယ့်အကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး အသစ်ထုတ်ပေးခြင်းကို ပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်ပေးမည်ဟု ဗီယက်နမ်ရှိ မြန်မာသံရုံးအသိပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း