အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများကျူးလွန်နေတဲ့ဂိုဏ်းတွေမှာ ပါဝင်နေသူ ၃၁ဝဝဝ ကျော်ကို မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့ဟု တရုတ်အစိုးရပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံဟာအွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ ဂိုဏ်းတွေမှာ ပါဝင်နေခဲ့သူ ၃၁ဝဝဝ ကျော်ကို တရုတ် အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတည်းက အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ဖို့ စတင်ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာအာဏာပိုင်များက လွှဲပြောင်းပေးခဲ့သူတွေ ထဲမှာ ဂိုဏ်းခေါင်းဆောင်တွေနဲ့ ဂိုဏ်းရဲ့အဓိကအရေးပါသူ အနည်းဆုံး ၆၃ ဦး ပါဝင်ခဲ့ကြောင်း တရုတ်ပြည်သူ့ ရေးရာလုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက "မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ရလဒ်ပိုင်းက သိသိသာသာ ကောင်းမွန်ခဲ့တယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ နဲ့ မြန်မာနယ်စပ်ဒေသမှာ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းစင်တာပေါင်း ၁ဝဝဝ ကျော် ရှိနေပြီး နေ့စဉ်လူပေါင်း ၁ သိန်းခန့် လိမ်လည်ခံရမှုတွေ ရှိနေကြောင်း သိရပါတယ်။ တရုတ်အာဏာပိုင်များဟာ နိုဝင်ဘာလအတွင်းမှာ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ဂိုဏ်းတွေရဲ့အဓိကခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ခြင်း အပါအဝင် ရုတ်တရက်တိုက်ခိုက်ခြင်းတွေ အရှိန်မြင့်လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းခေါင်းဆောင် လေးဦးအနက် သုံးဦးဖမ်းဆီးနိုင်ခဲ့ကာ တစ်ဦးက သေကြောင်းကြံသတ်သေခဲ့တယ်လို့ သိရပါတယ်။ မြန်မာအာဏာပိုင်တွေဟာ ဖမ်းဆီးရမိတဲ့ ဂိုဏ်းခေါင်းဆောင် သုံးဦးကို တရုတ်အာဏာပိုင်များထံ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အတွင်း စစ်ဘက်သုံး ဂြိုလ်တုလွှတ်တင်မယ်လို့ မြောက်ကိုရီးယားအစိုးရပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း