ယခုလကုန်အထိ မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း နှင့် တောင်ပိုင်းတို့တွင် အအေးပိုနိုင်ဟု မိုးဇလဆို
စော (NSS) - နိုဝင်ဘာ ၂၀
ယခုလကုန်အထိ မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုရက်ပိုင်းသည် ဆောင်းအဝင်ကာလဖြစ်သည့်အပြင် မိုးရွာသွန်းမှုများသည်လည်း ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် အအေးပိုလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
“ဆောင်းလေအေးတွေကလည်း နည်းနည်းလေးပြန်ပြီး အားကောင်းနေတယ်။ မိုးကလည်းရွာဖို့ရှိတယ်ဆိုတော့။ မိုးနဲ့ဆောင်းနဲ့နှစ်ခုပေါင်းသွားရင် ပိုအေးတာပေါ့။ မိုးမရွာဘူးဆိုရင်လည်း အအေးကနည်းနည်းပေါ့မှာပေါ့။ နိုဝင်ဘာလကုန်တဲ့အထိကို မိုးရွာဖို့ရှိပါတယ်”ဟု ၎င်းကပြောသည်။
အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း နှင့် တောင်ပိုင်းဒေသတို့တွင် အအေးပိုနိုင်ကြောင်း ဦးလှထွန်းက ထပ်မံပြောသည်။
မိုးဇလ၏ထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်အပါအဝင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင်လည်း မနက်ဖြန် (နိုဝင်ဘာလ ၂၁ ရက်) နံနက်ပိုင်းအထိ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးတိုင်းအတွင်း မိုင်းပေါက်ကွဲမှုကြောင့် တစ်ရက်တည်း၌ လူ(၄)ဦးထက် မနည်းသေဆုံး
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း