လွိုင်ကော်မြို့တစ်ဝိုက်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေ
မြူနစ် (NSS) - နိုဝင်ဘာ ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့တစ်ဝိုက်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသေးကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာလ ၂၀ ရက်)တွင် လွိုင်ကော်မြို့မြောက်ဘက်ရှိ မြို့ဦးကျောင်း၊ အကျဉ်းထောင်တစ်ဝိုက် နှင့် မြို့တောင်ဘက်ခြမ်းတို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
“ပစ်တာခတ်တာကတော့ ရှိတာပေါ့။ မြို့မြောက်ဘက်မှာရှိတဲ့ မြို့ဦးကျောင်းနားတို့၊ တောင်ဘက်မှာရှိတဲ့ ၅၄ တပ်နားတို့မှာ ဖြစ်တယ်။ လွိုင်ကော်ထောင်နားမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ အရင်နေ့တွေလောက်တော့ အကြီး အကျယ်ကြီး မဖြစ်တော့ဘူး”ဟု လွိုင်ကော်မြို့ခံက ပြောသည်။
KNPP နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့ နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့ မြောက်ဘက်ရှိ နောင်ယားရပ်ကွက်တစ်ဝိုက်နှင့် လွိုင်ကော်တက္ကသိုလ်တို့ကို KNPP ပူးပေါင်းအဖွဲ့များက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်ဘက်ကလည်း အထက်ပါနေရာများနှင့်ပတ်သက်၍ ပြန်လည်ထိုးစစ်ဆင်နေမှုများရှိကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။
လွိုင်ကော်မြို့နှင့်တစ်ဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့ခံပြည်သူလူထုအများအပြားသည် နေရပ်စွန့်ခွါကာ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၌ စစ်ဘေးရှောင်နေရလျက်ရှိသည်။
ထို့ပြင် တိုက်ပွဲဖြစ်စဉ်များအတွင်း အရပ်သားထိခိုက်သေဆုံးမှု၊ ပြည်သူပိုင်အိမ်များ ပျက်စီးဆုံးရှုံးနှင့် လမ်းပိုင်းပျက်စီးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုလကုန်အထိ မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း နှင့် တောင်ပိုင်းတို့တွင် အအေးပိုနိုင်ဟု မိုးဇလဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း