ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပွားနေခြင်းကို ကမ္ဘာကြီးက ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂ဝ
နိုင်ငံတကာအသိုင်းအဝိုင်းသည် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကပ်ဘေးကို ရပ်တန့်ရန်အတွက် ချက်ချင်းအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ထုတ်ဖော်ပြောခဲ့သည်။
အာရပ် နှင့် မွတ်စလင် အများဆုံးနေထိုင်သော နိုင်ငံများမှ သံတမန်ကိုယ်စားလှယ်အဖွဲ့များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့်အချိန်တွင် ဝမ်ယိက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝမ်ယီက "ဂါဇာကမ်းမြောင်ဒေသမှာ အခြေအနေတွေ တည်ငြိမ်ဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေး အမြန်ဆုံးပြန်လည်ရရှိဖို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရပါမယ်။ ဂါဇာကမ်းမြောင် ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးတစ်ခု ဖြစ်ပွားနေပါတယ်။ ဂါဇာမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေအားလုံးအပေါ် သက်ရောက်မှုတွေရှိလာနိုင်ပြီး လူသားတွေရဲ့ အမှား၊ အမှန်ခွဲခြားမှုနဲ့ လူသားဆန်မှုတွေအတွက် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီဖြစ်ရပ်ဆိုး မပြန့်ပွားဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်မှုရှိတဲ့ အစီအစဉ်တွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အစ္စရေးဖက်က ကတိပြုပြောဆိုခဲ့သည်။တရုတ်အစိုးရသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးပါဝင်သည့် ဝန်ကြီးများအဖွဲ့၏ လာရောက်လည်ပတ်မှုခရီးစဉ်ကို နိုဝင်ဘာလ(၁၉)ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်မှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲဖြစ်ပွားမှု အရှိန်လျှော့ချရေး၊ အရပ်သား များကိုကာကွယ်ရန် နှင့် ပါလက်စတိုင်းပြဿနာကို တရားမျှတစွာဖြေရှင်းရန်အတွက်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်မြို့တစ်ဝိုက်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း