အမေရိကန်နိုင်ငံ၏ ထောက်ပံ့မှု ဆုံးရှုံးမှုများအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာယူကရိန်းသံအမတ်ဟောင်းပြော
Pika (NSS) - နိုဝင်ဘာ ၂ဝ
ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံတွင်ဖြစ်ပွားလာနိုင်ခြေရှိသော နိုင်ငံရေးအကျပ်အတည်းများနှင့်အတူ နောက်ထပ် စစ်ရေးအကူအညီပံ့ပိုးပေးမှု ဆုံးရှုံးနိုင်ခြေများနှင့်ပတ်သက်ပြီး ပြင်ဆင်ထားသင့်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ဟောင်း Valeriy Chaly က ထုတ်ဖော်ပြောဆိုခဲ့သည်။
ယူကရိန်းကို ငွေကြေးပိုမိုထောက်ပံ့ပေးရန်အတွက် အမေရိကန်နိုင်ငံသို့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ မကြာသေးမီ က သွားရောက်လည်ပတ်ခဲ့ပြီးနောက် Valeriy Chaly က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယူကရိန်း အတွက် အကူအညီများသည် မသေချာမရေရာသော အခြေအနေတွင်ရှိနေကြောင်း ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် အတွင်း အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Valeriy Chaly က ပြောခဲ့သည်။
၎င်းက "လက်ရှိအချိန်မှာ ဖြစ်ပျက်နေတာတွေက တကယ်ကို အဆိုးဆုံးအခြေအနေတွေပါပဲ" ဟု ဆိုခဲ့သည်။ ထို့အပြင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ခ်ဂျွန်ဆင် ဦးဆောင်သော ရီပတ်ကလစ်ကန်ပါတီဝင်များသည် ယူကရိန်းသို့ ကူညီပံ့ပိုးပေးမှုများ နှောင့်နှေးမည်ကို စိုးရိမ်နေကြောင်း Valeriy Chaly က မှတ်ချက်ပြုပြောခဲ့သည်။
Valeriy Chaly က "ဘာတွေထပ်ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး။ ကျွန်တော်တို့ကို အကူအညီပေးအပ် တာတွေ လျော့ကျသွားမယ်ဆိုတာ သိသာနေပါပြီ" ဟု ဆိုခဲ့သည်။ သို့သော်လည်း မကြာသေးမီအချိန်အတွင်း အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ ကူညီပံ့ပိုးပေးနေမှုများကို ရပ်ဆိုင်းသွားနိုင်ဖွယ်မရှိကြောင်း Valeriy Chaly က အခိုင်အမာပြောခဲ့သည်။
၎င်း က "လာမည့်နွေရာသီမတိုင်မီအချိန်အထိ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ လျော့ကျသွားမယ်လို့ ကျွန်တော်မထင်မိပါဘူး။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ ယူကရိန်းအတွက် လာမယ့်နှစ် ဇူလိုင်လ မတိုင်မီ အချိန်အထိ ဘဏ္ဍာရေးအစီအစဉ်တစ်ခု ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပွားလာပြီး ယူကရိန်းအပေါ် ကူညီထောက်ပံ့ပေးမှုတွေ လျော့ကျသွားနိုင်ခြေရှိတဲ့ လာမည့်နှစ်အတွက်ပဲ ကျွန်တော်တို့ စဉ်းစားရမှာပါ" ဟု ပြောသည်။
ယူကရိန်းကို လက်နက်ထောက်ပံ့ပေးခြင်းမျိုး မလုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများကို ရုရှားနိုင်ငံက သတိပေးပြောဆိုခဲ့ပြီး အဆိုပါလုပ်ဆောင်မှုများမှာ ပဋိပက္ခကို ပိုမိုရှည်ကြာရန် လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပွားနေခြင်းကို ကမ္ဘာကြီးက ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း