စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀)နီးပါးရောက်ရှိလာ
စော (NSS) - နိုဝင်ဘာ ၂၀
စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀)နီးပါး ရောက်ရှိလာကြောင်း သိရသည်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) မှ (၂၇)ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျှင် ငွေကျပ် (၄၉၉၀)အဖြစ် ထုတ်ပြန်ထားသည်။
“အခုဈေးထဲမှာ ကတ်လေးတွေပေးတာရှိတယ်။ အဲဒီကတ်လေးနဲ့ အစ်မတို့ဈေးထဲမှာ သွားထုတ်ရတာ။ အခုဆို တစ်ပိဿာကို (၅၀၀၀)ပေါ့" ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သူအိမ်ရှင်မတစ်ဦးက NP Newsကိုပြောသည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်းက စားအုန်းဆီလက်ကားဈေးနှုန်းသည် တစ်ပိဿာလျှင် ငွေကျပ် (၄၆၈၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် စားအုန်းဆီဈေးနှုန်းသည် ငွေကျပ်(၃၁၀) မြှင့်တက်လာခြင်းဖြစ်သည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ FC ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက ရုရှား၊ မြောက်ကိုရီးယားတို့နှင့် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ အကျိုးအမြတ်များရရှိမည်မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတ ထုတ်ဖော်ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း