တက္ကသိုလ်စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသားများပါသော ယာဥ်တစ်စီးကို အိမ်စီးကားမှ ဝင်တိုက်ခဲ့ရာ လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့
စော (NSS) - နိုဝင်ဘာ ၁၉
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကျောင်းသားများတင်ဆောင်လာသည့်ယာဥ်တစ်စီးကို အိမ်စီးကားမှ ဝင်တိုက်မိခဲ့ရာ လူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၁၉ ရက်)၊ နံနက် (၉)နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၈/၁)အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Toyota HILUX အမျိုးအစား အိမ်စီးယာဥ်သည် တက္ကသိုလ်စာမေးပွဲပြီး၍ နေရပ်သို့ပြန်သည့် ကျောင်းသားများ တင်ဆောင်လာသည့် KIA Pick Up အမျိုးအစားယာဥ်ကို နောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စကားအင်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
"KIA Pick Up လေးနဲ့ Toyota Hilux Vigo လေးနဲ့ တိုက်တာ။ ကျွန်တော်တို့ မျက်မြင်အရတော့ နောက်ကနေ Vigo လေးက ကျောင်းကြိုလာတဲ့ Pick Up လေးကို နောက်ကနေ တိုက်မိတာ။ တက္ကသိုလ်စာမေးပွဲပြီးလို့ ပြန်လာတဲ့အဖွဲ့ ပေါ့" ဟု စကားအင်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ KIA Pick Up ကားသည် ကျောက်ဆည်မှ နေပြည်တော်သို့မောင်းနှင်လာသည့်အချိန်တွင် ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Pick Up ယာဉ်ပေါ်ပါတွင် လိုက်ပါလာသူအနက် အမျိုးသမီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး Toyota HILUX ယာဉ်ပေါ်မှ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသည့်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ