ကမ္ဘာ့စီးပွားရေးက ပြိုင်ဖက်အစုအဖွဲ့များအဖြစ် ပြိုကွဲသွားနိုင်ကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ သတိပေး
Pika (NSS) - နိုဝင်ဘာ ၁၈
ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ ကြီးထွားလာခြင်းသည် ကမ္ဘာ့စီးပွားရေး၏ deglobalization လုပ်ငန်းစဉ်ကို ပိုမိုအရှိန်မြင့်စေနိုင်ပြီး နိုင်ငံများအားလုံးအတွက် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်ကြောင်း ဥရောပဗဟိုဘဏ်(ECB) ဥက္ကဋ္ဌ Christine Lagarde က သတိပေးပြောဆိုခဲ့သည်။
ဥရောပသည် လက်ရှိအချိန်တွင် အရေးကြီးသောအဆင့်တွင်ရောက်ရှိနေပြီး deglobalization နှင့် decarbonization လုပ်ငန်းစဉ်များအပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း Christine Lagarde ၏အဆိုအရသိရသည်။
Christine Lagarde က"ကမ္ဘာ့စီးပွားရေးဟာ ပြိုင်ဖက်အစုအဖွဲ့တွေအဖြစ် ပြိုကွဲသွားနိုင်တဲ့ လက္ခဏာတွေ တိုးလာနေပါတယ်။"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် Christine Lagarde သည် ဥရောပတွင် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်နိုင်သည့် အလုပ်လုပ်ကိုင်နိုင်သောအသက်အရွယ်ရှိသည့်လူဦးရေ အဆက်မပြတ်ကျဆင်းမှုများကို ထောက်ပြပြောဆိုခဲ့ကြောင်းလည်းသိရသည်။
၎င်းက "ကုန်သွယ်မှုဆိုင်ရာ အတားအဆီးအသစ်တွေပေါ်လာမှုနဲ့အတူ ကျွန်မတို့ဟာ ထောက်ပံ့ရေးကွင်းဆက်တွေကို ပြန်လည်အကဲဖြတ်ပြီးတော့ ပိုမိုဘေးကင်းပြီး ထိရောက်မှုရှိတဲ့ နေရာသစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့လူ့အဖွဲ့အစည်းတွေ ပိုမိုအသက်ကြီးလာမှုတွေနဲ့အတူ လုပ်သားအသုံးပြုမှု နည်းပါးတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ နည်းပညာအသစ်တွေကို အသုံးချဖို့ လိုအပ်ပါတယ်။"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော့ကရိတ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် (၇)ရက်အတွင်း ထွက်ခွာသွားရန် KNU ခြိမ်းခြောက်
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း