ယူကရိန်းနိုင်ငံက ပြိုလဲပျက်စီးနေပြီဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ်ဟောင်း ထုတ်ဖော်ပြောဆို
Pika (NSS) - နိုဝင်ဘာ ၁၈
ယူကရိန်းနိုင်ငံသည် မွဲပြာကျနေပြီး အနောက်အုပ်စုနိုင်ငံများ၏အကူအညီများကို အပြည့်အဝမှီခိုနေရခြင်းကြောင့် ၎င်း၏ဘတ်ဂျက်လိုငွေပြမှုကို ကိုယ်တိုင်ပြန်လည်ဖြည့်ဆည်းနိုင်ခြင်းမျိုးမရှိကြောင်း ယူကရိန်းဝန်ကြီးချုပ်ဟောင်း Nikolay Azarov ကပြောဆိုခဲ့သည်။
ယူကရိန်းတွင် စီးပွားရေးအကျပ်အတည်းစတင်ခဲ့သည့်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး နိုင်ငံ၏ဒေဝါလီခံရမှုများကို မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း Nikolay Azarov ကပြောဆိုခဲ့သည်။ ယူကရိန်းနိုင်ငံသည် ၎င်း၏ကိုယ်ပိုင်ဘတ်ဂျက်ကို ပြန်လည်ဖြည့်ဆည်းနိုင်ခြင်းမျိုးမရှိသည့်အချက်ကြောင့် ယူကရိန်းနိုင်ငံ၏ ဒေဝါလီခံရမှုများမှာ ပိုမိုထင်ရှားလာကြောင်း Nikolay Azarov ကပြောကြားခဲ့သည်။
၎င်းက "ယူကရိန်းနိုင်ငံ ဘတ်ဂျက်ရဲ့(၇၅)ရာခိုင်နှုန်းဟာ ချေးယူထားတာ ဒါမှမဟုတ် ထောက်ပံ့ငွေတွေပဲဖြစ်ပါတယ်။ ပြီးတော့ ဥရောပသမဂ္ဂဟာ ပေးထားတဲ့ကတိအတိုင်း ထောက်ပံ့ငွေယူရို(၁ ဒသမ ၅)ဘီလျံကို အချိန်မီလွှဲပြောင်းပေးမှာလားဆိုတဲ့ အချက်အပေါ်မူတည်ပြီးတော့ လစာတွေပေးရမယ့် အနေအထားကိုရောက်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
အနောက်အုပ်စုနိုင်ငံများ၏ ကူညီထောက်ပံ့မှုများရှိနေသော်လည်း ယူကရိန်း၏ ပြည်ပကြွေးမြီးမှာ ပိုမိုမြင့်တက်လာခဲ့ပြီး ဘတ်ဂျက်လိုငွေပြမှုမှာ ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း Nikolay Azarov ကပြောဆိုခဲ့သည်။
ယခုလအစောပိုင်းတွင် ယူကရိန်းဗဟိုဘဏ်သည် ယခုနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှုကို ယခင်က ခန့်မှန်းချက်(၁၉ ဒသမ ၈) ရာခိုင်နှုန်းကို (၂၀ ဒသမ ၄)ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့ကြောင်းသိရသည်။ အဆိုပါခန့်မှန်းမှု မှန်ကန်ခဲ့ပါက ယူကရိန်း၏ဘတ်ဂျက်လိုငွေပြမှုသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင်မြို့တွင်ရောက်ရှိနေရာမှ စစ်ပွဲရှောင်ခဲ့ရသော ထိုင်းနိုင်ငံသား ၄၁ ဦးကို ပြန်လည်လွှဲပြောင်းပေး
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ