ဂျပန်နိုင်ငံသို့ Tomahawk ဒုံးကျည်အစင်း(၄၀၀)ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
Pika (NSS) - နိုဝင်ဘာ ၁၈
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် Tomahawk ဒုံးကျည်အစင်း(၄၀၀)နှင့် အခြားဆက်စပ်ပစ္စည်းများကို ဂျပန်နိုင်ငံသို့ရောင်းချရန်အတွက် အလားအလာရှိသော အမေရိကန်ဒေါ်လာ(၂ ဒသမ ၃၅)ဘီလျံတန်ဖိုးရှိသဘောတူညီချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလ(၁၅)ရက်တွင် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာဆက်သွယ်မှုများပြန်လည်စတင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီးနောက် အဆိုပါရောင်းချမှုထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါတွေ့ဆုံမှုသည် တစ်နှစ်အတွင်း အမေရိကန် နှင့် တရုတ်ခေါင်းဆောင်တို့၏ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ကြောင်းသိရသည်။ ဂျပန်နိုင်ငံသို့ရောင်းချမည့် ပက်ကေ့ချ်ထဲတွင် Tomahawk ဒုံးကျည်အစင်း(၄၀၀)၊ Tactical Tomahawk Weapon Control Systems (၁၄)ခု၊ ဆော့ဖ်ဝဲလ်၊ အထောက်အကူပစ္စည်းများ၊ အပိုပစ္စည်းများနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများပါဝင်မည်ဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။ ပင်တဂွန်၏ ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီသည် အဆိုပါအလားအလာရှိသော ရောင်းချမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာလ(၁၇)ရက်တွင် လွှတ်တော်ကို အကြောင်းကြားခဲ့ကြောင်းသိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရှိသော်လည်း အဆိုပါအကြောင်း ကြားစာထဲတွင် စာချုပ်တစ်ခု လက်မှတ်ရေးထိုးပြီးကြောင်း သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုများပြီးဆုံးသွားပြီဆိုသည့် အချက်တို့ကို ဖော်ပြထားခြင်းမျိုးမရှိကြောင်းသိရသည်။ အဆိုပါပက်ကေ့ချ်အတွက် Raytheon ကုမ္ပဏီသည် အဓိကကန်ထရိုက်တာဖြစ်ကြောင်း ပင်တဂွန်ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ် Golden Boy ဆုကို ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဟမ်ဆွတ်ခူးရရှိ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း