၂ဝ၂၃ ခုနှစ် Golden Boy ဆုကို ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဟမ်ဆွတ်ခူးရရှိ
Pika (NSS) - နိုဝင်ဘာ ၁၈
အင်္ဂလန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ရီးရဲလ်မက်ဒရစ်အသင်းတွင် ကောင်းမွန်သော ကစားသမားဘဝကို စတင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် Golden Boy ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အသက်(၂၀)နှစ်အရွယ် ဘယ်လင်ဟမ်သည် ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား Jamal Musiala နှင့် RB လိုက်ပ်ဇစ်အသင်း ကွင်းလယ်ကစားသမား Xavi Simons တို့ကို အနိုင်ယူကာ အသက်(၂၁)နှစ်အောက် ကစားသမားများကို အသိအမှတ်ပြုသည့် ဆုအားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဘယ်လင်ဟမ်သည် လာလီဂါလိဂ်တွင် (၁၁)ပွဲကစားကာ (၁၀)ဂိုးသွင်းယူထားသည့် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်တွင်လည်း (၃)ပွဲကစားကာ (၃)ဂိုးသွင်းယူထားနိုင်သူဖြစ်သည်။
ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်ဇွန်လတွင် ဒေါ့မွန်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေးယူရို(၁၀၃)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ဘယ်လင်ဟမ်က "ဘာမင်ဟမ်အသင်း၊ ဒေါ့မွန်အသင်း နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ကစားခဲ့တဲ့အချိန်တွေအတွင်း အားပေးထောက်ခံခဲ့ကြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့တွေမရှိပဲ ဒီဆုကို ကျွန်တော်ဆွတ်ခူးနိုင်မှာ မဟုတ်ပါဘူး။ အရေးအကြီးဆုံးကတော့ နေ့တိုင်းကြိုးစားအားထုတ်ဖို့ ပံ့ပိုးလှုံ့ဆော်ပေးခဲ့တဲ့ ကျွန်တော်ရဲ့မိသားစုကို ကျေးဇူးတင်ချင်ပါတယ်။ အခု ကျွန်တော်လိုချင်ခဲ့တဲ့ ဒီဆုကို ဆွတ်ခူးရရှိပါပြီ။ ကျွန်တော်ရှေ့ဆက်အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော့်ရဲ့ ကစားနိုင်စွမ်းတွေကို ဆက်လက်မြှင့်တင်နေပြီး နောက်ထပ်ဆုဖလားတွေ အများကြီးဆွတ်ခူးရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Golden Boy ဆုကို ရွန်းနီ၊ မက်ဆီ၊ စတာလင်၊ အမ်ဘာပေ၊ ဟာလန်း၊ ပက်ဒရီနှင့်ဂါဗီတို့လည်း ဆွတ်ခူးရရှိဖူးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအား(၆ ဒသမ ၇)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း