ဂါဇာဒေသရှိ ဆေးရုံအဆောက်အဦးမှာ ဟားမက်စ်အဖွဲ့အသုံးပြုနေတဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ လက်နက်တွေ ရှာတွေ့ခဲ့ဟု အစ္စရေးစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၇
အစ္စရေးစစ်တပ်က ၎င်းတို့ဟာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲချိန်အတွင်း Al-Shifa ဆေးရုံအဆောက်အဦးမှာ လက်နက်တွေထည့်ထားတဲ့ ကားတွေအပြင် မြေအောက်ဥမင်လိုဏ်ခေါင်းတွေကိုလည်း တွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ဖြိုခွင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အောက်တိုဘာ ၂၇ ရက် ကတည်းက ဂါဇာဒေသကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်က "Al-Shifa ဆေးရုံကို စီးနင်း ရှာဖွေချိန်အတွင်း ဆေးရုံထဲကနေ ဥမင်လိုဏ်ခေါင်းတွေအပြင် စစ်လက်နက်ပစ္စည်းတွေ အများအပြား တင်ဆောင်ထားတဲ့ ကားတွေလည်း တွေ့မြင်ခဲ့ရတယ်။ ဆေးရုံနဲ့ချိတ်ဆက်ထားတဲ့ လိုဏ်ခေါင်းတွေထဲကနေ ရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ရုပ်သံဖိုင်တွေကို ထုတ်ပြသွားမှာပါ" လို့ ပြောပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသရှိ မြေအောက်ဥမင်လိုဏ်ခေါင်းတွေကို ဖျက်ဆီးဖို့လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရက်ပေါင်း ၄ဝ ကျော်လာချိန်မှာ အစ္စရေးဟာ ဟားမက်စ်အုပ်စုရဲ့မြေအောက်ဥမင်လိုဏ်ခေါင်း ရာချီကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁ သောင်းကျော် သေဆုံးထားပါတယ်။ ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက တိုက်တွန်းတောင်းဆိုနေပေမယ့် အစ္စရေးက စစ်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုဒဏ်ကို ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင်လည်း တွေ့ကြုံခံစားခဲ့ရ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ