ရှမ်းပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုဒဏ်ကို ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင်လည်း တွေ့ကြုံခံစားခဲ့ရ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့သောငလျင်၏ သက်ရောက်မှုကို ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်ရှိဒေသ ၂၅ ခုတွင်လည်း တွေ့ကြုံခံစားခဲ့ရကြောင်းသိရသည်။
ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အတွင်း ဒေသအချို့တွင် ပြည်သူများကို အပြင်ဘက်တွင်သာနေထိုင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူအဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ရာ ယင်းငလျင်သည် ၁ဝဝ ကီလိုမီတာအကွာအဝေးရှိ ချင်းမိုင်ပြည်နယ် မယ်ဆိုင်ဒေသကိုလည်း လှုပ်ခတ်မှုသက်ရောက်မှုများဖြစ်စေခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ်များလှုပ်ခတ်မှုများရှိခဲ့ပြီး ချင်းမိုင်ပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့်သတင်းမျိုးကို လက်ခံမရရှိသေးကြောင်း၊ ငလျင်နှင့်ပတ်သက်ပြီး အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ချင်းမိုင်ပြည်နယ် မြေငလျင် တားဆီးရွှေ့ပြောင်းရေးအဖွဲ့က ပြောသည်။
ချင်းမိုင်ပြည်နယ်တွင် ငလျင်လှုပ်ခတ်သည့်ဒဏ်ကို ခံစားခဲ့ရပြီးနောက် လေးထပ်တိုက်အဆောက်အဦးရှိ စာသင်ကျောင်းများတွင် စာသင်ကြားခြင်းကိုရပ်တန့်ကာ မြေအောက်ကို ဆင်းနေထိုင်ခဲ့ရကြောင်း၊ငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့်ဟု ခံစားရမိချိန်တွင် ချင်းပြည်နယ်အတွင်းရှိ ဒေသခံအချို့သည် အိမ်တွင်မနေထိုင်တော့ဘဲ လမ်းပေါ်သို့ထွက်ကာ နေထိုင်နေခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်တက္ကသိုလ်၏ ဆရာ/မ၊ ဝန်ထမ်း နှင့် ကျောင်းသား/သူများကို အဓမ္မဖမ်းဆီးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန်လိုကြောင်း နစက ကြေညာချက်ထုတ်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ