ဆီရှိလျက် စက်သုံးဆီရောင်းချပေးခြင်းမရှိသော အရောင်းဆိုင် (၃)ဆိုင်အား စိစစ်အရေးယူ
စော (NSS) - နိုဝင်ဘာ ၁၆
ဆီရှိလျက် မော်တော်ယာဉ်အချို့အား စက်သုံးဆီရောင်းချပေးခြင်းမရှိသော အရောင်းဆိုင် (၃)ဆိုင်အား စိစစ်အရေးယူခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုသတင်းများကြောင့် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူခဲ့ကြမှုများရှိခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်မှ (၁၂)ရက်များတွင် ရန်ကုန်သီလဝါဆိပ်ကမ်းဒေသရှိ Terminal များမှ စက်သုံးဆီများကို ဆီတင်ယာဉ် (၆၀၂)စီးဖြင့် စက်သုံးဆီအရောင်းဆိုင်များကို ဆီဂါလန်ပေါင်း (၁၇)သိန်းနီးပါး ဖြည့်တင်းပေးခဲ့သည်။
အလားတူ နိုဝင်ဘာလ (၁၄)ရက်တွင်လည်း ဆီတင်ယာဉ် (၁၀၂၃) စီးဖြင့် 92Ron ဂါလန် (၉)သိန်းကျော်၊ 95 Ron ဂါလန် (၁)သိန်းခွဲကျော်၊ ဒီဇယ်ဆီ ဂါလန် (၇)သိန်းခွဲကျော်၊ ပရီမီယမ် ဒီဇယ်ဆီ ဂါလန်(၆)သိန်းကျော် စုစုပေါင်း ဂါလန် (၂၄)သိန်းကျော်ကိုလည်း ထပ်မံဖြည့်တင်းပေးထားကြောင်း သိရသည်။
ထို့သို့ စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီများကို လုံလောက်စွာ ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိသော်လည်း မော်တော်ယာဉ်အချို့အား ဆီရှိလျက် ရောင်းချမပေးသော စက်သုံးဆီ အရောင်းဆိုင် (၃)ဆိုင်အား စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါ အရောင်းဆိုင်များအား ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်းအရ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သီလဝါဆိပ်ကမ်းသို့ ပြည်ပမှ ထပ်မံဝင်ရောက်လာမည့် စက်သုံးဆီတင်သင်္ဘောများ လည်းရှိကြောင်း နစက ဘက်ကပြောကြားထားပြီး ယခုရက်ပိုင်းအတွင်း အရောင်းဆိုင်များတွင် ကားများ တန်းစီစောင့်ဆိုင်း ဝယ်ယူမှု လျော့နည်းသွားကြောင်း သိရသည်။
ပုံစာ - စက်သုံးဆီအရောင်းဆိုင်တစ်ခုအားတွေ့ရစဉ်
ပုံစာ - စက်သုံးဆီအရောင်းဆိုင်တစ်ခုအားတွေ့ရစဉ်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံခရီးသွားကဏ္ဍမြှင့်တင်ရန် ခရီးသွားဗီဒီယိုများကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ လာရောက်ရိုက်ကူးမည်
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း