B-52H ဗုံးကြဲလေယာဉ်များ ပါဝင်သည့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန် နှင့် တောင်ကိုရီးယား တို့ ထပ်မံပြုလုပ်
Pika (NSS) - နိုဝင်ဘာ ၁၅
နိုဝင်ဘာလ(၁၅)ရက်တွင် အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် အမေရိကန်၏ B-52H မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်း ပါဝင်သည့် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ဝါပေါ်တွင် လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ဆန့်ကျင်သည့်အနေဖြင့် အင်အားပြသမှုများတွင် နောက်ဆုံး အကြိမ်လေ့ကျင့်မှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ စစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယား၏ F-35A၊F-15K အမျိုးအစား တိုက်လေယာဉ်များ နှင့် အမေရိကန်၏ F-35B ၊ F-16 တိုက်လေယာဉ်တို့သည် မဟာဗျူဟာ မြောက် ဗုံးကြဲလေယာဉ်များကို လိုက်ပါကြည့်ရှုစောင့်ကြပ်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယား၏ ကြီးထွားလာသော စစ်ရေးခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန်အတွက် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုမျာားကို ပိုမိုမြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် အဆိုပါ စစ်ရေးလေ့ကျင့်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုနှစ်အတွင်း အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် B-52H ဗုံးကြဲလေယာဉ် ပါဝင်သည့် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုများကို (၇)ကြိမ်ခန့် လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် ယခုနှစ်အတွင်း B-1B ဗုံးကြဲလေယာဉ် အပါအဝင် အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပါဝင်သည့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို (၁၂)ကြိမ်ထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် နှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန် နှင့် တောင်ကိုရီးယား အစိုးရကိုပေးထားသော လုံခြုံရေးကတိဝတ်များအတွက် ယခုနှစ်အတွင်း အမေရိကန်သည် ၎င်း၏ ထိပ်တန်း စစ်လက်နက်ပစ္စည်းများကို ကိုရီးယားကျွန်းဆွယ်တွင် မကြာခဏဖြန့်ကျက်ချထားခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူရန်အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ဂျူဗင်တပ်အသင်း
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ