မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူရန်အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ဂျူဗင်တပ်အသင်း
Pika (NSS) - နိုဝင်ဘာ ၁၅
ဂျူဗင်တပ်အသင်းသည် လာမည့်ဇန်နဝါရီလတွင် မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန်အတွက် ၎င်းတို့၏စိတ်ဝင်စားမှုများကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ဆန်ချိုသည် မန်ယူနည်းပြတန်ဟက်ကို ပြစ်တင်ဝေဖန်ကာ အချေအတင်ဖြစ်ပွားခဲ့သည့် ဩဂုတ်လတည်းက မန်ယူအသင်းအတွက် ကစားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
ဆန်ချိုသည် တန်ဟက်ကို စွပ်စွဲပြောဆိုခြင်းများအတွက် တောင်းပန်ရန် ငြင်းဆိုခဲ့ပြီးကတည်းက မန်ယူအသင်း၏ ကစားပွဲများတွင် ဝင်ရောက်ကစားခွင့်မရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဂျူဗင်တပ်အသင်းသည် စီးရီးအေဆုဖလားကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းမှုများနှင့်အတူ မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန်အတွက် အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း ဘောလုံးသတင်းထောက် ဖာဘရီဇီရို ရိုမာနိုက ပြောကြားခဲ့သည်။
ဂျူဗင်တပ်အသင်းသည် ဆန်ချို၏အခြေအနေကို ဆက်လက်စောင့်ကြည့်ရန်နှင့် အငှားစာချုပ်ဖြင့် ခေါ်ယူရန် အတွက် မန်ယူအသင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သိရသည်။ ဆန်ချိုသည် မန်ယူအသင်းတွင် ကစားစဉ်အချိန်အတွင်း တစ်ပတ်လုပ်ခပေါင်(၂၅ဝဝဝဝ) ဝန်းကျင် ရရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် လာမယ့်နှစ်မှာ အမြှောက်ကျည်ဆံတစ်သန်း ကူညီပေးဖို့ စီစဉ်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း