တောင်ငူမြို့၌ မွေးကင်းစကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက လမ်းဘေးတွင် စွန့်ပစ်မှုဖြစ်ပွား
စော (NSS) - နိုဝင်ဘာ ၁၄
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၌ မွေးကင်းစကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါကလေးငယ်ကို ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၂ ရက်)၊ ညနေပိုင်းတွင် တောင်ငူမြို့နယ်၊ (၁၈)ရပ် ကွက်၊ စည်သူလမ်းဘေး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Save The Trees Rescue Team ထံမှ သိရသည်။
စွန့်ပစ်ခံရသည့် ကလေးငယ်သည် ယောကျ်ားလေးဖြစ်ပြီး ၎င်းအား ပရဟိတအသင်းမှ ချက်ချင်းဆေးရုံတင်၍ ကျန်းမာရေးစစ်ဆေးခဲ့ရာ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
“ကလေးကို အောက်ကအခင်းလေးခင်းထားပြီး အနှီးလေးကို သေချာထုတ်ထားတယ်။ စောင်လေးခင်းထားတယ်။ စောင်အောက်မှာ သေးခံလေးခင်းပြီး ထားသွားတယ်။ ကလေးဘေးမှာတော့ ကြွပ်ကြွပ်အိတ်အမည်းထဲမှာ ဆေးရုံစာအုပ်တွေပါတယ်။ အနှီးပိတ်နည်းနည်းလည်းပါတယ်”ဟု Save The Trees Rescue Team မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မိခင်ဖြစ်သူသည် ကလေးအား ဆေးရုံ နှင့် လမ်းတစ်လျှောက်ရှိ တွေ့ရှိသမျှလူများကို လိုက်ပေးနေပြီး ကလေးအား နို့ကိုဝအောင်တိုက်ပြီးမှ စွန့်ပစ်သွားခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ဆေးရုံက ပေးတဲ့ လိပ်စာနဲ့စုံစမ်းတော့ လိပ်စာက လိမ်ထားတယ်လို့ယူဆရတယ်။ စုံစမ်းလို့မရဘူး။ မမွေးခင်ထဲက ရည်ရွယ်ချက်ရှိရှိနဲ့ ဒီကလေးကို မွေးခဲ့တဲ့ပုံပဲ”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ကလေးအား တောင်ငူမြို့နယ်ရှိ တိုင်းရင်းသားမိဘမဲ့ကလေးကျောင်းကို ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်ကို (၂)ရက်အတွင်း ဆီဂါလံပေါင်း (၁၇)သိန်းနီးပါး ဖြည့်တင်းပေးထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ