အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်ဖိအားတွေကို ဦးမညွှတ်ဖို့ အစ္စရေးဝန်ကြီးချုပ်တောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၃
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အနောက်အုပ်စုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေအနေနဲ့ အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်နဲ့ပတ်သက်တဲ့ဖိအားတွေကို ဦးမညွှတ်စေလိုကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြင်သစ် သမ္မတ မက်ခရွန်ဟာ ဂါဇာဒေသမှာ အရပ်သားတွေ သေဆုံးနေခြင်းနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ တိုက်တွန်းတောင်းမှုတွေရှိလာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က အခုလိုမျိုးပြောခဲ့တာပါ။ နေတန်ရာဟုက အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေထိခိုက်မှုနည်းပါးအောင် အရာရာတိုင်းလုပ်ဆောင်နေကြောင်း၊ ဒါပေမယ့် တုံ့ပြန်နိုင်မှုမရှိတဲ့ အစ္စရေးနိုင်ငံသားတွေကို သတ်ဖြတ်ဖို့ ဟားမက်စ်အဖွဲ့ကို ခွင့်ပြုမှာမဟုတ်ကြောင်း ပြောပါတယ်။
ပြင်သစ်သမ္မတမက်ခရွန်ဟာ အစ္စရေးနိုင်ငံအပေါ် စတင်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကို တိုက်ခြင်းအပေါ် ပြစ်တင်ရှုတ်ချခဲ့ပေမယ့် အရပ်သားတွေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးနေရခြင်းကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံဟာ တရားဝင်အခွင့်အရေး၊ တရားဝင်အကြောင်းပြချက်မရှိဘဲ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေကြောင်း အစ္စရေးနိုင်ငံအနေနဲ့ စစ်ပွဲကို ရပ်တန့်သင့်ကြောင်း ပြင်သစ်သမ္မတက ပြောခဲ့ပါတယ်။
ဒါ့ပြင် ပြင်သစ်သမ္မတက ဂါဇာဒေသမှာရှိနေတဲ့ ပြည်သူတွေ ထိခိုက်မှုမဖြစ်ရအောင်တစ်ခုတည်းသော နည် လမ်းက အပစ်အခတ်ရပ်စဲရေးသာဖြစ်ကြောင်း ပြင်သစ်သမ္မတကပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ်က "ပြင်သစ် သမ္မတရဲ့မှတ်ချက်စကားတွေက မှားယွင်းနေတယ်။ အပြည့်အဝမှန်ကန်မှုမရှိဘူး။ ဟားမက်စ်အဖွဲ့ဟာ ဂါဇာဒေသက ပြည်သူတွေ ဘေးလွတ်ရာကိုပြောင်းဖို့ တားဆီးနေတယ်။ အစ္စရေးနိုင်ငံက တား ဆီးတာမျိုးမရှိဘူး။ ဟားမက်စ်အဖွဲ့ဟာ လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်"လို့ပြောပါတယ်။
ဒါ့ပြင် အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ ဟားမက်စ်အဖွဲ့ရဲ့နည်းစနစ်တွေကို ဖျက်ဆီးဖို့ဆိုရင် ကျွန်တော်တို့ အရပ်သားတွေထဲ ဟားမက်စ်အုပ်စုတွေရှိနေတာကို သိရမယ်"လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းဆတ်မြို့ရှိ အမှတ်(၃၄၆)စစ်လက်နက်ပစ္စည်းတပ်ခွဲ ယမ်းတိုက် မီးလောင်ကာပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း