တရုတ်နိုင်ငံ ဝမ်ကျိုးမြို့မှာ အဆောက်အဦပြိုကျမှုကြောင့် လူလေးဦး သေဆုံး
ရောင်နီ (NSS) - နိုဝင်ဘာ ၁၂
တရုတ်နိုင်ငံ ဝမ်ကျိုးမြို့မှာ ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ အဆောက်အအုံပြိုကျမှုကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ CCTV က တနင်္ဂနွေနေ့(နိုဝင်ဘာလ ၁၂ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
ပြုပြင်နေဆဲ အဆောက်အဦးက ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်)မှာ ပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူ အားလုံးဟာ ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်တယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပြီး အဆောက်အုံ ပြိုကျရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့မြောက်ပိုင်း ဟိုင်လောင်ကျန်းပြည်နယ်မှ အားကစားရုံပြိုကျမှု အပါအဝင် အလားတူဖြစ်ရပ်များစွာ မြို့တော်အရှေ့ပိုင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဟိုင်လောင်ဂျန် ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ကျောင်းအားကစားရုံရဲ့ ခေါင်မိုးပြိုကျမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ အခုလိုဖြစ်ရပ်တွေဟာ ဆောက်လုပ်ရေး စနစ်များ ညံ့ဖျင်းခြင်းကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက မှတ်ချက်ပြုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီနေ့(နိုဝင်ဘာလ ၁၂)ရက်မှာ ကိုးကန့်၊ပါစင်ကျော် ၊ ကွမ်လုံ၊ သိန္နီ၊ ထီးချိုင့် ဒေသများရှိ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများကို ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ