Tiktok ဗီဒီယိုထဲမှာ အိမ်မွေးခွေးကို တုတ်နဲ့ခြိမ်းခြောက်နေတဲ့ စင်ကာပူမှ အမျိုးသမီး အရေးယူခံရနိုင်
ရောင်နီ(NSS) - နိုဝင်ဘာ ၁၁
တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှု တားဆီးကာကွယ်ရေးအသင်း (SPCA) ဟာ TikTok ဗီဒီယိုတစ်ခုမှာ အိမ်မွေးခွေးကို တုတ်နဲ့ရွယ်ကာ ကြိမ်းမောင်းနတဲ့ စင်ကာပူမှ အမျိုးသမီးတစ်ဦးကို အရေးယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တိရစ္ဆာန်နဲ့ ကုသရေးဝန်ဆောင်မှု (AVS) က အဆိုပါ ဗီဒီယိုအတွက် သတိပေးချက် ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း ဆိုပါတယ်။ "တိရိစ္ဆာန်တွေ သက်သာချောင်ချိရေးအတွက် ကာကွယ်စောင့်ရှောက်ပေးတာဟာ လူမှုတာဝန်ဝတ္တရားတစ်ခုပါ” လို့ AVS အဖွဲ့မှ ဒါရိုက်တာ ဂျက်စီကာကဝက် က ပြောကြားပါတယ်။
တစ်မိနစ်ကြာတဲ့ TikTok ဗီဒီယိုတစ်ခုမှာ အမျိုးသမီးတစ်ဦးဟာ ဈေးဝယ်စင်တာတစ်ခုမှာ ထိုင်နေရင်း သူမရဲ့ခွေးကို တုတ်နဲ့ရွယ်ကာ ကြိမ်းမောင်းနေတာကို မြင်တွေ့ရပါတယ်။ သူမဟာ စားပွဲတစ်ဖက်မှ တစ်ယောက်ယောက်နဲ့လည်း စကားပြောရင်း တုတ်ကို ကိုင်ထားကာ ခွေးကိုလည်း မာန်မဲနေတာပါ။ အဲဒီနောက် အမျိုးသမီးက မတ်တပ်ရပ်ပြီး ခွေးကို ကြောက်အောင် စားပွဲကို တုတ်နဲ့ ရိုက်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ like 1,867 ခု၊ comment 495 ခု ၊ share 919 ခု ရရှိခဲ့ပါတယ်။
"အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေ အနေနဲ့ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကြမ်းတမ်းတဲ့ အပြုအမူမျိုး ဒါမှမဟုတ် ခြိမ်းခြောက်တာမျိုး မလုပ်ကြဖို့ တိုက်တွန်းပါတယ်၊ ဒါဟာ အိမ်မွေးတိရစ္ဆာန်တွေမှာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ တိုးမြင့်လာစေနိုင်တာကြောင့် ဖြစ်တယ်"လို့ SPCA က ပြောကြားပါတယ်။
SPCA အဖွဲ့အစည်းဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အိမ်မွေးတိရိစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမှုဖူလုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုအတွက် အမှုစုစုပေါင်း ၈၆၂ ခုကို စုံစမ်းစစ်ဆေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်းမှာပဲ အမှုပေါင်း ၁၉၆ မှုကို စုံစမ်းခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟာဝိုင်အီမှာရှိတဲ့ ရေကန်တစ်ခုရဲ့ ရေအရောင်းတွေ ပန်းရောင်အဖြစ်ပြောင်းလဲ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ