ပြည်သူများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆင်ပြေစွာပေးအပ်နိုင်ရေးကို ဆွေးနွေး
ကျော် (NSS) - နိုဝင်ဘာ ၁ဝ
နစကဒုဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ နှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid တို့ တွေ့ဆုံခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ နှင့် UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid တို့သည် နိုဝင်ဘာ ၉ ရက်၊ နံနက် ၁၁ နာရီက နေပြည်တော်၌တွေ့ဆုံ၍ အကူအညီလိုအပ်နေသည့် ပြည်သူများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆင်ပြေစွာပေးအပ်နိုင်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou အား ယမန်နေ့ နိုဝင်ဘာ ၉ ရက်၊ နံနက် ၁ဝ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်နှင့် UNHCR နှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှု၊အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် တက္ကစီတစ်စီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း