Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်တပ်ကို ခေတ်မီအောင်လုပ်ခြင်းက အခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ မရည်ရွယ်ကြောင်း တရုတ်လွှတ်တော်ပြော

ဂျန်ဇက် (NP News) - မတ် ၄

တရုတ်စစ်တပ်ကို ခေတ်မီအောင်လုပ်ဆောင်ခြင်းဟာ အခြားနိုင်ငံများအပေါ် စစ်ရေးအရ ခြိမ်းခြောက်ဖို့ မဟုတ်ကြောင်း တရုတ်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူဝမ်ချိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၎င်းဟာ တရုတ်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ် ဘယ်လောက်အထိ တိုးမြင့်လာနိုင်သလဲဆိုတဲ့အချက်နဲ့ ပြီးခဲ့တဲ့နှစ်ထက်ကာကွယ်ရေးအသုံးစရိတ်ဘယ်လောက်အထိ တိုးမြှင့်သုံးစွဲမလဲဆိုတဲ့အချက်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ တရုတ်လွှတ်တော်ဟာ လာမယ့်ရက်ပိုင်းမှာ နိုင်ငံအသုံးစရိတ်အတွက် ခွင့်ပြုမယ့်ငွေကြေးပမာဏာကို တရားဝင်သတင်းထုတ်ပြန်မှာဖြစ်ရာ ကာကွယ်ရေးအသုံးစရိတ်လည်းပါဝင်လာဖွယ်ရှိနေကြောင်းသိရပါတယ်။ 

တရုတ်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုရှိ၊ မရှိဆိုတဲ့အချက်ကို အိမ်နီးချင်းနိုင်ငံများနဲ့ အမေရိကန်နိုင်ငံတို့က အနီးကပ်စောင့်ကြည့်လျက်ရှိနေကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံတွေထဲ အမေရိကန်ပြီးရင်ကာကွယ်ရေးအသုံးစရိတ် ဒုတိယအများဆုံး သုံးစွဲထားတဲ့နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်လာခြင်းက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာဖွယ်ရှိနေကြောင်း ဝေဖန်နေပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ထိုင်ဝမ်နဲ့ဆက်ဆံရေးတင်းမာမှုအရှိန်မြင့်တက်နေသလို တောင်တရုတ်ပင်လယ်မှာလည်း အာဆီယံဒေသအတွင်းရှိ နိုင်ငံ(၅)နိုင်ငံနဲ့ပိုင် နက်နယ်မြေအငြင်းပွားနေကြောင်းသိရပါတယ်။ အိန္ဒိယနိုင်ငံနဲ့လည်း နယ်စပ်ဒေသမှာ ပိုင်နက်နယ်မြေအငြင်းပွားလျက်ရှိနေကြောင်းသိရပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ၎င်းတို့ ပိုင်နက်ဖြစ်တယ်လို့ပြောဆိုပေမယ့် ထိုင်ဝမ်က တရုတ်လက်အောက်က ခွဲထွက်ဖို့ ကြိုးပမ်းနေရာ တင်းမာမှုများရှိနေပါတယ်။ ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေရာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်နိုင်ငံကြားတင်းမာမှုတွေရှိနေခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံရဲ့ဂျီဒီပီဟာ နှစ်ပေါင်းများစွာကြာတည်ငြိမ်ကောင်းမွန်နေတဲ့အတွက် ကာကွယ်ရေးအသုံးစရိတ်တွေ တိုးလာနေခြင်းဖြစ်ကြောင်း တရုတ်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မတ် ၎





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရဟန်းခံရှင်ပြုပွဲ ပြုလုပ်သည့် နေအိမ်သို့ ရောက်ရှိနေသော အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံရမှု တွံတေးမြို့နယ်၌ ဖြစ်ပွား

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved