Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ပြီးနောက် ကလေးနှင့် တမူးမြို့တို့ကို ထပ်မံ၍ ထိုးစစ်ဆင်မည်ဟု အသိပေး

မြူနစ် (NSS) -  နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်လိုက်ပြီးနောက် ကလေးနှင့် တမူးမြို့တို့ကို ထပ်မံ၍ တော်လှန်ရေးထိုးစစ်ဆင်မည်ဟု အသိပေးထားသည်။


NUG လက်အောက်ခံ PDF၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပူးပေါင်းအဖွဲ့များသည် ကောလင်းမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ နိုဝင်ဘာလ ၆ ရက်တွင် ၎င်းမြို့ကို ထိန်းချုပ်လိုက်သည်ဟု ကြေညာထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ခမ်းပတ်မြို့နယ်ခွဲကို ယမန်နေ့(နိုဝင်ဘာလ ၇ ရက်)တွင် PDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာထားသည်ကို တွေ့ရှိရသည်။

“ကောလင်းမြို့သိမ်းတိုက်ပွဲလိုပဲ တော်လှန်ရေးထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲဖြစ်ပါတယ်” ဟု NUG ၏ ဒူဝါလရှီးလက ယမန်နေ့တွင် ထုတ်ဖော်အသိပေးထားသည်။

ကောလင်းမြို့နှင့် ခမ်းပတ်မြို့နယ်ခွဲတို့ကို PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားမှုနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။

PDF ပူးပေါင်းအဖွဲ့များ ထိုးစစ်ဆင်မည်ဟု ပြောဆိုထားသော ကလေးမြို့နှင့်ပတ်သက်၍ လက်ရှိအချိန်တွင် မြို့ပေါ်၌ ဒေသခံပြည်သူများအနေဖြင့် ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားလျက်ရှိကြောင်း ကလေးမြို့ခံတစ်ဦးက NSS ကို ပြောသည်။

“ကလေးမြို့မှာ ညကတော့ လက်နက်ကြီးပစ်သံကြားတယ်။ အခုချိန်ထိတော့ မြို့ပေါ်မှာ အေးအေး ဆေးဆေးပါပဲ။ ပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် ခမ်းပတ်နဲ့ ကလေးမြို့ကြားမှာရှိတဲ့ရွာတွေကတော့ စိုးရိမ်ပူပန်မှုတော့ ရှိကြတယ်။ ကျွန်တော်တို့ အသိုင်းအဝိုင်းရဲ့လူတွေကတော့ ကလေးမြို့ပေါ်ကို ပြောင်းရွှေ့လာဖို့ ပြင်နေကြတာရှိတယ်။ ဒါပေမယ့် အခြေအနေတင်းမာမှ လာမယ့်သဘောမျိုးပေါ့။ အခုတော့ အခြေအနေတင်းမာတာမျိုး မရှိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ကလေးမြို့သည် ခမ်းပတ်မြို့နယ်ခွဲနှင့် မိုင်(၄၀)ခန့် ကွာဝေးကြောင်း သိရှိရပြီး တမူးမြို့နှင့်လည်း မိုင်(၈၀)ခန့် ကွာဝေးကြောင်း သိရသည်။

ထို့ပြင် ယနေ့(နိုဝင်ဘာလ ၈ ရက်)တွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ ပင်လယ်ဘူးမြို့ကို PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရေးသားပြောဆိုမှုများရှိနေသော်လည်း NSS အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသကဲ့သို့ နစကဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုံရွာမြို့ပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၃၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ (၁၆၀)ကျော်ရှိခဲ့

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved