အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီး ထပ်မံစေလွှတ်မယ်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈
ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အမေရိကန်စစ်တပ်ဟာ နျူကလီးယားရေငုပ်သင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်းဒေသကို ထပ်မံစေလွှတ်ခဲ့ရာ အီရန်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်ဟာ Tomahawk ခရုဇ်ဒုံးကျည် ၁၄၅ စင်းနဲ့ ရေတပ်အထူးတပ်ဖွဲ့ဝင် ၆၆ ဦး တင်ဆောင်နိုင်တဲ့ နျူကလီးယားစွမ်းအင် Ohio-class အမျိုးအစား ရေငုပ်သင်္ဘောကို အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ဘလွန်းဘတ်သတင်းဌာနက အရှေ့အလယ်ပိုင်းဒေသကို အဆိုပါ ရေငုပ် သင်္ဘောစေလွှတ်ခြင်းဟာ အီရန်နိုင်ငံကို အင်အားပြသတာမျိုးဖြစ်ကြောင်း ဆိုပါတယ်။
အမေရိကန်ဟာ ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း မြေထဲပင်လယ်ဒေသကို လေယာဉ်တင် သင်္ဘောနှစ်စီး စေလွှတ်ခဲ့ပြီးနောက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ထပ်မံစေလွှတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါ တယ်။ အမေရိကန်စစ်ဘက်က အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား နောက်ထပ် အဖွဲ့အစည်း၊ နိုင်ငံ တစ်နိုင်ငံ ပါဝင်လာမှာကို ကြိုတင်ဟန့်တားနိုင်ဖို့ စစ်သင်္ဘောတွေ စေလွှတ်နေတာမျိုးဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။
ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ အချိုးအစားမညီမျှတဲ့ တိုက်ခိုက်မှုမျိုးဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို လက်တုံ့ပြန်မှုအဖြစ် ဂါဇာဒေသကို တိုက်ခိုက်နေရာ တစ်လအတွင်း အနည်းဆုံးလူပေါင်း ၁ သောင်းကျော် သေဆုံးထားကြောင်း သိရပါတယ်။
ဟားမက်စ်နဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအပေါ် အာရပ်ဒေသအတွင်းနိုင်ငံတွေက ဝေဖန်ပြစ်တင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ပြီးနောက် ကလေးနှင့် တမူးမြို့တို့ကို ထပ်မံ၍ ထိုးစစ်ဆင်မည်ဟု အသိပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း