Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူဝါဒများကို NLD ပါတီနှင့်ခေါင်းဆောင်များက လက်ရှိအချိန်ထိ ကိုင်စွဲထားဟု ဗဟိုကော်မတီဝင် ဦးတိုးလွင်ပြော

NP News - မတ် ၄

တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူဝါဒများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် ပါတီခေါင်းဆောင်များက လက်ရှိအချိန်ထိကိုင်စွဲထားကြောင်း ပါတီဗဟိုကော်မတီ ဦးတိုးလွင်က ပြောသည်။

NLD ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတိုးလွင်က မတ်လ ၃ ရက် ညပိုင်းတွင် ၎င်း၏လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းရပ်တည်မှုများကို မည်သည့်အဖွဲ့အစည်းကမျှ ပြောင်းလဲပစ်၍ မရနိုင်ကြောင်း ဦးတိုးလွင်က ဆိုသည်။

“တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းစွာဖြင့် အသွင်ကူးပြောင်းရေးနဲ့ အ ထွေထွေသဟဇာတဖြစ်ရေးဆိုတဲ့ အဓိကကျသော မူဝါဒတွေကို အခြေခံပြီး NLD ပါတီကို ဖွဲ့စည်းတည် ထောင်ခဲ့တာပါ။ ယနေ့အထိလည်း NLD ပါတီနဲ့ ပါတီခေါင်းဆောင်တွေဟာ ဒီအခြေခံအချက်တွေကို မူဝါဒတွေအဖြစ် အမြဲတမ်းဆုပ်ကိုင်ထားကြတာပါ။ ကျနော်လည်း အဲဒီလို အကြမ်းမဖက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနဲ့ အထွေထွေသဟဇာတဖြစ်ရေး မူဝါဒတွေကို ကြိုက်လွန်းလို့ NLD ပါတီကို ဝင်ရောက်ခဲ့တယ်” ဟု NLD ပါတီဗဟိုကော်မတီဝင်ဦးတိုးလွင်က ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ CEC အဖွဲ့ဝင်အားလုံးနီးပါး ဖမ်းဆီးခံရကာ ထောင်ကျနေချိန်၌ NLD ပါတီ နှင့် CEC အဖွဲ့၏ ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့ကြောင်းလည်း ဦးတိုးလွင်က ထုတ်ဖော်ပြောဆိုထားသည်။

“NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝတရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD CEC အဖွဲ့က တာဝန်လည်း မခံသလို တာဝန်လည်းမယူကြောင်း ၂ဝ၂၁ ခုနှစ် နိုဝင် ဘာလ ၈ ရက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က ရှေ့နေတွေ ( ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်) ကတစ်ဆင့် အပြတ်ပြောခဲ့ပြီးသားပါ။ ဒါကြောင့် NLD ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး” ဟု ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင် NLD ပါတီ၏ တရားဝင် Facebook Page နှင့် ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးသည် ပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးနေဘုန်းလတ်နှင့် ဦးလွင်ကိုလတ်တို့၏ လက်ထဲတွင် ရောက်ရှိနေကြောင်းလည်း ဗဟိုကော်မတီဝင်ဦးတိုးလွင်က ထုတ်ဖော်ပြောဆိုထားသည်။

ဆက်လက်ပြီး ဦးတိုးလွင်က “NLD ပါတီရဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများအရဆိုလျှင်တော့ ယခု So-called CWC အဖွဲ့မှာ ပါတဲ့သူ (၇)ဦး + ဒေါ်မေဝင်းမြင့်တို့ဟာ NLD ပါတီအဖွဲ့ဝင်အဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်ပြီးသား ဖြစ်နေသူတွေပါ။ ဒီလိုပဲ NLD ပါတီရဲ့ မူဝါဒတွေကိုဆန့်ကျင်ပြီး လုပ်ဆောင်နေကြသူတွေ၊ အခြားအဖွဲ့အစည်းတွေမှာ ဝင်ရောက်သွားကြတဲ့ NLD အဖွဲ့ဝင်တိုင်းဟာလည်း NLD ပါတီဝင် မဟုတ်ကြတော့ပါဘူး။ NLD ပါတီဝင်အဖြစ်ကနေ အလို အလျောက် ပျက်ပြယ်သွားတယ်ဆိုတာ NLD ပါတီစည်းကမ်းထိန်းသိမ်းရေးလုပ်ထုံး လုပ်နည်းများမှာ အ တိအလင်း ဖော်ပြထားပါတယ်” ဟု ပြောသည်။

ယမန်နေ့ (မတ်လ ၃ ရက်)၌ NLD ပါတီ၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒမင်း၊ ဦးတိုးလွင် နှင့် ဦးဝင်းမြင့်အောင်တို့ကို NLD ပါတီမှ ထုတ်ပယ်ကြောင်း ဗဟိုအလုပ်ကော်မတီက ဆုံးဖြတ်ခဲ့သည့် ကြေညာချက်တစ်စောင်အား ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

“နောက်ပိုင်း ရက်တွေမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကနေစပြီး NLD ပါတီမှာ ဖြစ်ပျက်ခဲ့သမျှကို အပိုင်းလိုက် စတင်ရေးပါတော့မယ်။ ကျနော့်ဘက်က စတင်လိုက်တဲ့ ဇာတ်လမ်း မဟုတ်ပါဘူး။ နိုင်ငံရေးကျင့် ဝတ်သိက္ခာမဲ့ကြတဲ့ တိုင်းပြည်ပြင်ပရောက်နေကြတဲ့ NLD အဖွဲ့ဝင်ဟောင်းတွေက စတင်စိန်ခေါ်လိုက်တဲ့ ဇာတ်လမ်းဖြစ်တာမို့ ကျနော်ဖွင့်ချမယ့် ကိစ္စတွေမှာ တစ်ချိန်ကျရင် သမိုင်းက အဖြေပေးပါလိမ့်မယ်” ဟု NLD ပါတီမှ ဗဟိုကော်မတီဝင် ဦးတိုးလွင်က ပြောဆိုထားသည်။

လက်ရှိတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အများစုသည် ထောင်ကျလျက်ရှိနေပြီး ပါတီဆက်လက်တည်မြဲရေးကိစ္စပေါ်တွင်လည်း မေးခွန်းထုတ်မှုများရှိနေသည်ကို တွေ့ရသည်။

zawgyi version

ေတြ႕ဆုံေဆြးေႏြးေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးမူဝါဒမ်ားကို NLD ပါတီႏွင့္ေခါင္းေဆာင္မ်ားက လက္ရွိအခ်ိန္ထိ ကိုင္စြဲထားဟု ဗဟိုေကာ္မတီဝင္ ဦးတိုးလြင္ေျပာ

NP News - မတ္ ၄

ေတြ႕ဆုံေဆြးေႏြးေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးမူဝါဒမ်ားကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)ႏွင့္ ပါတီေခါင္းေဆာင္မ်ားက လက္ရွိအခ်ိန္ထိကိုင္စြဲထားေၾကာင္း ပါတီဗဟိုေကာ္မတီ ဦးတိုးလြင္က ေျပာသည္။

NLD ပါတီ၏ ဗဟိုေကာ္မတီဝင္တစ္ဦးျဖစ္သူ ဦးတိုးလြင္က မတ္လ ၃ ရက္ ညပိုင္းတြင္ ၎၏လူမႈကြန္ ရက္စာမ်က္ႏွာမွတစ္ဆင့္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ အၾကမ္းမဖက္ႏိုင္ငံေရးနည္းလမ္းရပ္တည္မႈမ်ားကို မည္သည့္အဖြဲ႕အစည္းကမွ် ေျပာင္းလဲပစ္၍ မရႏိုင္ေၾကာင္း ဦးတိုးလြင္က ဆိုသည္။

“ေတြ႕ဆုံေဆြးေႏြးေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရး၊ ၿငိမ္းခ်မ္းစြာျဖင့္ အသြင္ကူးေျပာင္းေရးနဲ႔ အ ေထြေထြသဟဇာတျဖစ္ေရးဆိုတဲ့ အဓိကက်ေသာ မူဝါဒေတြကို အေျခခံၿပီး NLD ပါတီကို ဖြဲ႕စည္းတည္ ေထာင္ခဲ့တာပါ။ ယေန႔အထိလည္း NLD ပါတီနဲ႔ ပါတီေခါင္းေဆာင္ေတြဟာ ဒီအေျခခံအခ်က္ေတြကို မူဝါဒေတြအျဖစ္ အၿမဲတမ္းဆုပ္ကိုင္ထားၾကတာပါ။ က်ေနာ္လည္း အဲဒီလို အၾကမ္းမဖက္ ၿငိမ္းခ်မ္းစြာ အသြင္ကူးေျပာင္းေရးနဲ႔ အေထြေထြသဟဇာတျဖစ္ေရး မူဝါဒေတြကို ႀကိဳက္လြန္းလို႔ NLD ပါတီကို ဝင္ေရာက္ခဲ့တယ္” ဟု NLD ပါတီဗဟိုေကာ္မတီဝင္ဦးတိုးလြင္က ေျပာသည္။

ထို႔ျပင္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ပါတီ CEC အဖြဲ႕ဝင္အားလုံးနီးပါး ဖမ္းဆီးခံရကာ ေထာင္က်ေနခ်ိန္၌ NLD ပါတီ ႏွင့္ CEC အဖြဲ႕၏ ဆုံးျဖတ္ခ်က္မ်ား မခ်မွတ္ႏိုင္ခဲ့ေၾကာင္းလည္း ဦးတိုးလြင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

“NLD နာမည္အသုံးျပဳတာ၊ CEC နာမည္ အသုံးျပဳတာေတြဟာ လုံးဝတရားမဝင္သလို ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ NLD CEC အဖြဲ႕က တာဝန္လည္း မခံသလို တာဝန္လည္းမယူေၾကာင္း ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ ဘာလ ၈ ရက္ကတည္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔က ေရွ႕ေနေတြ ( ေဒၚမင္းမင္းစိုး၊ ဦးခင္ေမာင္ေဇာ္) ကတစ္ဆင့္ အျပတ္ေျပာခဲ့ၿပီးသားပါ။ ဒါေၾကာင့္ NLD ရဲ႕ တရားဝင္ေဖ့စ္ဘြတ္စာမ်က္ႏွာကို တရားမဝင္ ခိုးယူအသုံးျပဳေနၾကတဲ့ NLD CWC အမည္ခံ ဦးေအာင္ၾကည္ၫြန႔္ ဦးေဆာင္တဲ့သူေတြမွာ ဘာမွလုပ္ပိုင္ခြင့္မရွိပါဘူး” ဟု ၎က ထုတ္ေဖာ္ေျပာဆိုထားသည္။

လက္ရွိတြင္ NLD ပါတီ၏ တရားဝင္ Facebook Page ႏွင့္ ဒီလႈိင္း (D-Wave) Facebook Page ႏွစ္ခုစလုံးသည္ ပါတီ၏ ျပန္ၾကားေရးအဖြဲ႕ဝင္ေဟာင္းမ်ားျဖစ္သည့္ ဦးေနဘုန္းလတ္ႏွင့္ ဦးလြင္ကိုလတ္တို႔၏ လက္ထဲတြင္ ေရာက္ရွိေနေၾကာင္းလည္း ဗဟိုေကာ္မတီဝင္ဦးတိုးလြင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

ဆက္လက္ၿပီး ဦးတိုးလြင္က “NLD ပါတီရဲ႕ ပါတီစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ အဆင့္ဆင့္ဖြဲ႕စည္းပုံႏွင့္ လုပ္ထုံးလုပ္နည္းမ်ားအရဆိုလွ်င္ေတာ့ ယခု So-called CWC အဖြဲ႕မွာ ပါတဲ့သူ (၇)ဦး + ေဒၚေမဝင္းျမင့္တို႔ဟာ NLD ပါတီအဖြဲ႕ဝင္အျဖစ္ကေန အလိုအေလ်ာက္ပ်က္ျပယ္ၿပီးသား ျဖစ္ေနသူေတြပါ။ ဒီလိုပဲ NLD ပါတီရဲ႕ မူဝါဒေတြကိုဆန႔္က်င္ၿပီး လုပ္ေဆာင္ေနၾကသူေတြ၊ အျခားအဖြဲ႕အစည္းေတြမွာ ဝင္ေရာက္သြားၾကတဲ့ NLD အဖြဲ႕ဝင္တိုင္းဟာလည္း NLD ပါတီဝင္ မဟုတ္ၾကေတာ့ပါဘူး။ NLD ပါတီဝင္အျဖစ္ကေန အလို အေလ်ာက္ ပ်က္ျပယ္သြားတယ္ဆိုတာ NLD ပါတီစည္းကမ္းထိန္းသိမ္းေရးလုပ္ထုံး လုပ္နည္းမ်ားမွာ အ တိအလင္း ေဖာ္ျပထားပါတယ္” ဟု ေျပာသည္။

ယမန္ေန႔ (မတ္လ ၃ ရက္)၌ NLD ပါတီ၏ တရားဝင္ Facebook စာမ်က္ႏွာမွတစ္ဆင့္ ဦးၿဖိဳးမင္းသိန္း၊ ေဒၚစႏၵမင္း၊ ဦးတိုးလြင္ ႏွင့္ ဦးဝင္းျမင့္ေအာင္တို႔ကို NLD ပါတီမွ ထုတ္ပယ္ေၾကာင္း ဗဟိုအလုပ္ေကာ္မတီက ဆုံးျဖတ္ခဲ့သည့္ ေၾကညာခ်က္တစ္ေစာင္အား ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

“ေနာက္ပိုင္း ရက္ေတြမွာ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကေနစၿပီး NLD ပါတီမွာ ျဖစ္ပ်က္ခဲ့သမွ်ကို အပိုင္းလိုက္ စတင္ေရးပါေတာ့မယ္။ က်ေနာ့္ဘက္က စတင္လိုက္တဲ့ ဇာတ္လမ္း မဟုတ္ပါဘူး။ ႏိုင္ငံေရးက်င့္ ဝတ္သိကၡာမဲ့ၾကတဲ့ တိုင္းျပည္ျပင္ပေရာက္ေနၾကတဲ့ NLD အဖြဲ႕ဝင္ေဟာင္းေတြက စတင္စိန္ေခၚလိုက္တဲ့ ဇာတ္လမ္းျဖစ္တာမို႔ က်ေနာ္ဖြင့္ခ်မယ့္ ကိစၥေတြမွာ တစ္ခ်ိန္က်ရင္ သမိုင္းက အေျဖေပးပါလိမ့္မယ္” ဟု NLD ပါတီမွ ဗဟိုေကာ္မတီဝင္ ဦးတိုးလြင္က ေျပာဆိုထားသည္။

လက္ရွိတြင္ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္အမ်ားစုသည္ ေထာင္က်လ်က္ရွိေနၿပီး ပါတီဆက္လက္တည္ၿမဲေရးကိစၥေပၚတြင္လည္း ေမးခြန္းထုတ္မႈမ်ားရွိေနသည္ကို ေတြ႕ရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကယ်လီဖိုးနီးယား၌ နေထိုင်သူအချို့ နေအိမ်ထဲမှာ ပိတ်မိနေသည်အထိ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုဖြစ်ပွား

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved