ဂါဇာဒေသဟာ ကလေးငယ်များအတွက် သချိုင်းသဖွယ်ဖြစ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇
ကုလသမဂ္ဂအဖွဲ့အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဂါဇာ ဒေသဟာ ကလေးများအတွက် သချိုင်းကုန်းသဖွယ်ဖြစ်လာနေကြောင်း၊ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို ချက်ချင်းအပစ်ခတ်ရပ်စဲရမှာဖြစ်ကြောင်း ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က "ကပ်ဆိုးကြီးကြောင့် ဂါဇာဒေသမှာ နာရီနဲ့အမျှ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုတွေ ရှိနေခဲ့တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ လူသားတွေ စုပေါင်းပြီး ဘေးဒုက္ခခံထားရမှုတွေကို ရပ်တန့်အောင် တာဝန်ယူခြင်းတာဝန်ခံခြင်းမျိုးဖြစ်အောင် လုပ်ဆောင်ရ မယ်။ ဂါဇာဒေသမှာ တွေ့ကြုံနေရတဲ့ဘေးဒုက္ခတွေဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်တာတွေ ပိုပါတယ်။ ဒါဟာ လူသားတွေအတွက် အကျပ်အတည်းပါ။ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲပဋိပက္ခအတွင်း ပါဝင် နေတဲ့အဖွဲ့အစည်းတိုင်းဟာ တာဝန်ယူခြင်း၊ တာဝန်ခံမျိုးတွေ ရှိရမှာလည်းဖြစ်ပါတယ်။ ဂါဇာဒေသမှာ ဘေးဒုက္ခ အကြပ်အတည်းကြုံနေရတဲ့လူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုတွေ ပိုမိုလုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ဂါဇာဒေသကို အစ္စရေးနိုင်ငံက တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း ၄ဝဝဝ ကျော် အပါအဝင် အနည်းဆုံးလူပေါင်း ၁ သောင်းကျော် သေဆုံးထားကြောင်း သိရပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ဂါဇာဒေသကို တိုက်ခိုက်မှုတွေရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် အစ္စရေးနိုင်ငံကတော့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချမ်းမြသာစည်မြို့နယ်ရှိ "အမရာနဒီ" ဟိုတယ်တွင် ရီမုမိုင်းပေါက်ကွဲခဲ့၊ ထိခိုက်ဒဏ်ရာရသူမရှိ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း