တိုင်းရင်းသားအဖွဲ့အစည်းများနှင့်တိုင်းရင်းသားအားလုံးပူးပေါင်းပါဝင်မှသာ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟုဆို
ကျော် (NSS) - နိုဝင်ဘာ ၇
တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် တိုင်းရင်းသားအားလုံးပူးပေါင်းပါဝင်မှသာ နိုင်ငံတော်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောသည်။
ယနေ့ (နိုဝင်ဘာလ ၇ ရက်)တွင်ကျရောက်သည့် (၆၈) နှစ်မြောက်ကရင်ပြည်နယ်နေ့သို့ USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှပေးပို့သည့်သဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
လက်ရှိတွင် နစကမှစစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီစနစ်နှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်ဟု သဝဏ်လွှာ၌ထည့်သွင်းရေးသားထားသည်။
ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝများတိုးတက်ဖွံ့ဖြိုးရေးအတွက် ကရင်တိုင်းရင်းသားညီအစ်ကိုများမှလည်း ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဟုလည်း USDP ပါတီမှပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းရေးသားထားသည်။
ထို့ပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရန် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကဖြစ်သည်ဟု ရေးသားထားသည်။
နစက အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဖွဲ့စည်း၍ တစ်နိုင်ငံလုံးရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ဆွေးနွေးဖော်ဆောင်လျက်ရှိသည်ဟုလည်း ရေးသားထားသည်။
ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးနှင့်နိုင်ငံတော်အေးချမ်းသာယာရေးကို နိုင်ငံတော်အစိုးရနှင့်အတူ သက် ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ နိုင်ငံတော်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟု USDP ပါတီမှပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသဟာ ကလေးငယ်များအတွက် သချိုင်းသဖွယ်ဖြစ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း