ပထမအကြိမ် မြန်မာ-ရုရှားရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို မြိတ်မြို့၏ အနောက်ဘက် ပင်လယ်ပြင်၌ ယနေ့စတင်ပြုလုပ်
မျိုးကြီး (NSS) - နိုဝင်ဘာ ၇
ပထမအကြိမ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို မြိတ်မြို့၏ အနောက်ဘက် မြန်မာ့ပင်လယ်ပြင်၌ ယနေ့ (နိုဝင်ဘာလ ၇ ရက်)တွင် စတင်ပြုလုပ်ခဲ့ကြောင်း နစက၏သတင်းအချက် အလက်များအရ သိရသည်။
မြန်မာ-ရုရှားရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် (၃)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာ-ရုရှားရေကြောင်းလုံခြုံ ရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန်ရောက်ရှိနေသော ရုရှားနိုင်ငံ၊ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Russian Pacific Fleet စစ်ရေယာဉ်အုပ်စုမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့်အခမ်းအနားကို ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်)တွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားစစ်သင်္ဘောပေါ်ရှိ စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာလက်နက်များ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ရဟတ်ယာဉ်ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍လည်း လိုက်လံကြည့်ရှုခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
မြိတ်မြို့၏ အနောက်ဘက် ရေမိုင် (၈၅)မိုင်ခန့်အကွာတွင် ယနေ့စတင်ပြုလုပ်သည့် မြန်မာ-ရုရားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင်းခန်းတွင် လက်တွေ့ပစ်ခတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်္ဘောများနှင့်လေယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန်လည်း နစကဘက်က အသိပေးထားသည်။
မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းအတွက် ရုရှားစစ်သင်္ဘော(၃)စင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရုရှားစစ်တပ်မှ အရာရှိစစ်သည်ဦးရေ (၈၀၀)ခန့်လိုက်ပါလာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေစွမ်းအင်ဖြင့် လျှပ်စစ်မီးပေးနိုင်မည့်စီမံချက်အပါအဝင် နားလည်မှုစာချွန်လွှာ(၃)စောင်ကို မြန်မာ-အိန္ဒိယကြား လက်မှတ်ရေးထိုး
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း