မြန်မာ-ရုရှားတပ်မတော်ရေတပ်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဆွေးနွေး
Pearl (NSS) - နိုဝင်ဘာ ၅
မြန်မာ-ရုရှား တပ်မတော်ရေတပ်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်) တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှားရေတပ် ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နှင့် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား နဂိုရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ လေ့ကျင့်ရေးဆိုင်ရာများ နှင့် Navy To Navy Talks ဆွေးနွေးပွဲပြုလုပ်မည့်အစီအစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နှစ်နိုင်ငံ တပ်မတော်ရေတပ်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမည့်အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန်ကြီးထောင့်မြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဆီသိုလှောင်ရုံမီးလောင် (၄)ဦး ဒဏ်ရာရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း