မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်နှစ်ရပ်ကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌ နှင့် ရုရှားရေတပ်ဦးစီးချုပ် ဆွေးနွေးခဲ့ကြ
ကျော် (NSS) - နိုဝင်ဘာ ၅
နစကဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့ မြန်မာ-ရုရှားနှစ်နိုင်ငံရေတပ်နှစ်ရပ်ကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်သွား ရန် ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက နစက ဥက္ကဋ္ဌမှ ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV အား လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ် ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် နေမှု၊ တပ်မတော်(ရေ)နှစ်ရပ်ကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြ သည်။
နှစ်နိုင်ငံတပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အ ဆင့်မြင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု၊ နှစ်နိုင်ငံရေတပ်နှစ်ရပ်ကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပါင်းလေ့ကျင့်ခန်း များ ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
မြန်မာ့တပ်မတော်အရာရှိများ ရုရှားနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှု၊ တပ်မတော်နှစ်ရပ်ကြား ယဉ်ကျေးမှုအပြန် အလှန်ဖလှယ်နိုင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရေးတို့ကိုလည်း နစက ဥက္ကဋ္ဌ နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ရုရှားရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ရုရှား ရေတပ်မှ တပ်မတော်အရာရှိကြီးများ နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးတို့လည်း တက်ရောက်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ရုရှားတပ်မတော်ရေတပ်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဆွေးနွေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း