နျူကလီးယားစမ်းသပ်မှုတွေပြန်လည်လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အမေရိကန်အစိုးရကို ရုရှားအစိုးရ သတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၄
အမေရိကန်နိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို အပြည့်အ၀ ပြန်လည်လုပ်ဆောင်မယ်ဆိုရင် ရုရှားနိုင်ငံဘက်ကလည်း တုံ့ပြန်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကိုအပြည့်အဝ ပြန်လည် လုပ်ဆောင်ခြင်းမျိုးမလုပ်ဆောင်ဖို့ သတိပေးလိုကြောင်း ပြောပါတယ်။ အမေရိကန်အစိုးရဟာ နီဗာဒါးပြည်နယ်မှာ နျူကလီးယားစမ်းသပ်မှုတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ရုရှားဘက်က သတိပေးခဲ့တာပါ။ အမေရိကန်နျူကလီးယားဘေးကင်းလုံခြုံရေးဆိုင်ရာအဖွဲ့ (NNSA) ဟာ ပြီးခဲ့တဲ့လအတွင်းမှာ လက်ဗီးဂတ်ပြည်နယ် အနောက်မြောက်ပိုင်းမှာ မြေအောက်ပေါက်ကွဲစမ်းသပ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ အဲဒီ ပေါက်ကွဲမှုဟာ ဓါတုပစ္စည်းများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်တဲ့ ပေါက်ကွဲမှုမျိုးဖြစ်ကြောင်း ဆိုပါတယ်။
အမေရိကန်ဘက်က စမ်းသပ်မှုတွေလုပ်ဆောင်လာခဲ့ပြီးနောက် ရုရှားဟာ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်တဲ့ စာချုပ် (CTBT) မှာ ပါဝင်မှုကို ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ နျူကလီးယား စမ်းသပ် မှုတွေကို ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်စစ်ဌာနချုပ်က ၎င်းတို့ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဟီယိုရှီးမားမြို့ကို ကြဲချခဲ့တဲ့ ဗုံးထက် ပြင်းအား ၂၄ ဆပိုများမယ့် B61 အမည်ရှိ နျူကလီးယားဗုံး ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ စီစဉ်နေကြောင်း ဆိုပါတယ်။ အမေရိကန်လွှတ်တော်အကြံပေးအဖွဲ့ကလည်း အမေရိကန်အစိုးရအနေနဲ့ နျူကလီးယားလက်နက်များ အရည်အသွေး နဲ့ အရေအတွက်ပိုင်း ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး ကုန်ကျစရိတ်ကို ထည့်မစဉ်းစားဖို့ ပြောဆိုထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ပိတ်ဆို့မှုတွေကြောင့် ဥရောပသမဂ္ဂဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ အရှုံးပေါ်နေ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း