အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov 4 / 8:00 PM)
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၄
အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင်ဒေသရဲ့အဓိက အမြန်လမ်းကို ပါလက်စတိုင်းပြည်သူတွေ သွားလာဖို့နဲ့ ဘေးလွှတ်ရာကိုရွှေ့ပြောင်းနိုင်ဖို့ ဂါဇာဒေသအမြန်လမ်းကိုတိုက်ခိုက်မှု သုံးနာရီကြာ ရပ်ဆိုင်းထားမယ်လို့ ပြောပါ တယ်။
ဂါဇာဒေသကို တိုက်ခိုက်နေတဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာ ၇ ရက်ကတည်းကနေ လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိူး အနည်းဆုံး ၉၄၈၈ ဦး သေဆုံးထားပြီး၊ အဲဒီသေဆုံးသူတွေထဲမှာ ကလေးငယ် ၃၉ဝဝ ပါဝင်နေကြောင်း သိရပါတယ်။
တူရကီသမ္မတ အာဒိုဂမ်က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း၊ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂါဇာဒေသအပေါ် စစ်ဆင်တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့လုပ်ရပ် တွေကြောင့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နဲ့ ဆက်သွယ်ဆွေးနွေးရမှာ မလိုလားကြောင်း တူရကီသမ္မတ က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေဖြစ်တဲ့ ဂျော်ဒန်၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ ကာတာနိုင်ငံ တို့ဟာ ဂါဇာဒေသအရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန် နဲ့ တွေ့ဆုံဆွေးနွေး သွားမယ်လို့ သိရပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ပါလက်စတိုင်း အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့လည်း တက်ရောက်ဖွယ်ရှိနေကြောင်း ဂျော်ဒန်အစိုးရက ပြောပါတယ်။ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲဟာ ဒေသအတွင်း နိုင်ငံတွေထံ ကူးစက်ပျံ့နှံ့လာမယ့်အန္တရာယ်နဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်းခံထားရသူ တွေ ပြန်လွတ်မြောက်စေဖို့ အရှိန်မြင့်ကြိုးပမ်းပေမယ့် အောင်မြင်မှု ရှိ-မရှိ ဆိုတဲ့အချက်နဲ့ ဘယ်အချိန်ပြန်လွှတ်မလဲ ဆိုတဲ့အချက်တွေကို အာမမခံနိုင်ကြောင်း အမေရိကန်အစိုးရအဖွဲ့ကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်မြောက်ရေးအတွက် ခက်ခဲစွာ လုပ်ကိုင်နေရကြောင်း၊ ပြန်ပေးဆွဲခံထားရသူ တွေ ပြန်လွတ်မြောက်ရေးအတွက် သွယ်ဝိုက်ပြီးစေ့စပ်ဆွေးနွေးနေရကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားစမ်းသပ်မှုတွေပြန်လည်လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အမေရိကန်အစိုးရကို ရုရှားအစိုးရ သတိပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း