ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်တွင် လက်နက်ကြီးကျည်ပေါက်ကွဲ၊ (၃)နှစ်အရွယ်ကလေးငယ် အပါအဝင် ၅ ဦး ဒဏ်ရာရ
ကျော် (NSS) - နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ယနေ့ နိုဝင်ဘာ ၄ ရက်မွန်းတည့်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က KKO(ခွဲထွက်) နှင့် PDF အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အမှတ်(၁)ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက်နေ မသိမ့်သိမ့်သူ(၃)နှစ်၊ မခင်သန်းဦး(၂၅)နှစ်၊ ဒေါ်ညွန့်စိန်(၅၈)နှစ်၊ ဒေါ်နှင်းမြိုင်လ(၆၅)နှစ်နှင့် မသန္တာစိုး(၂၅)နှစ်တို့ တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ (စိုးရိမ်ရ နှင့် မစိုးရိမ်ရ) ရရှိခဲ့ကြသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းကားများဖြင့် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov 4 / 8:00 PM)
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း