ပစ်ကပ်ကားပေါ်ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင် ဖမ်းဆီးခံရ
ကျော် (NSS) - နိုဝင်ဘာ ၄
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ နောင်စီယာမြို့နယ်၊ ဘိင်ကာစမ်ကျေးရွာအနီးတွင် ပစ်ကပ်ကားပေါ်၌ ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ပထုန်ဌာနီခရိုင်မှတာဝန်ရှိသူများသည့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများ မရှိစေရေးအတွက် ဘိင်ကာစမ်ကျေးရွာရှိ ဘိင်ကာစမ်မီးပွိုင့်အနီး၌ စစ်ဆေးမှုများပြုလုပ်စဥ် အသက်(၁၉)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား တစ်ဦး မောင်းနှင်လာသည့် ပစ်ကပ်ကားကိုတားဆီးစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ပစ်ကပ်ကားပေါ်၌ ပုန်းအောင်းလိုက်ပါလာသည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂ဝဝဝဝ မှ ၂၅ဝဝဝ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသား ၁၂ ဦးတို့အား ထိုင်းနိုင်ငံ ဥပဒေအရအရေးယူရန် နောင်စီယာရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၄ ရက်အတွင်းဖြစ်ပွားခဲ့သည့် မြန်မာအရေးနှင့် ကမ္ဘာတစ်ဝန်းက သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ