ငါန်းဇွန်မြို့နယ်၌ အမျိုးသမီး(၂)ဦးကို PDF အဖွဲ့က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်
NSS - နိုဝင်ဘာ ၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဒေသခံအမျိုးသမီး(၂)ဦးကို PDF အဖွဲ့က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်၊ ည ၁၂ နာရီအချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာ၌ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဒေါ်ခင်မာနွယ်နှင့် ဒေါ်ခင်နွဲ့တို့သည့် နေအိမ်များ၌ရှိနေစဉ် PDF အဖွဲ့ဝင်(၄)ဦး ရောက်ရှိလာကာ ၎င်းတို့(၂)ဦးအား နေအိမ်ရှေ့သို့ခေါ်ဆောင်ပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဒေါ်ခင်မာနွယ်(၃ဝ)နှစ်တွင် ဦးခေါင်းပြတ်ဒဏ်ရာ၊ ဒေါ်ခင်နွဲ့(၅၅)နှစ် ၌ လည်ပင်းထိုးသွင်း ဒဏ်ရာ(၂)ချက် နှင့် နောက်ကျောထိုးသွင်းဒဏ်ရာ(၈)ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး(၂)ဦး၏ ရုပ်အလောင်းများအား ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပစ်ကပ်ကားပေါ်ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင် ဖမ်းဆီးခံရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း