ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၉)ခု၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်
Pearl (NSS) - နိုဝင်ဘာ ၄
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၉)ခု၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန် ထားသည်။
YESC က ယနေ့ (နိုဝင်ဘာလ ၄ ရက်) ၊ နေ့လယ်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာနမှ 230/33/11 kV, 100 MVA ခရမ်းဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် 230 kV ကမာနတ်-သီလဝါဓာတ်အားလိုင်းအား နိုဝင်ဘာ ၄ ရက်၊ နံနက်(၁ဝ)နာရီ မှ နေ့လယ် (၂)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွှေပေါက္ကံမြို့နယ်၊ သန်လျင် မြို့နယ် နှင့် ကျောက်တန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ် ကြောင်း သိရသည်။
ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး နှင့် ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့နယ်၌ အမျိုးသမီး(၂)ဦးကို PDF အဖွဲ့က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း