နီပေါနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၂၈ ဦး သေဆုံး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၄
နီပေါနိုင်ငံဟာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနေပြီး အနည်းဆုံး ၁၂၈ ဦးသေဆုံးကာ လူပေါင်းဒါဇင်ချီ ဒဏ်ရာရခဲ့ကြောင်း နီပေါအစိုးရတာဝန်ရှိသူများက ပြောပါတယ်။
နီပေါနိုင်ငံ ဂျာရာကော့မြို့မှာ အောက်တိုဘာ ၂ ရက် ညပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများ ပြိုကျမှုတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဂျာရာကော့မြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူ့အဆင့်ရှိတယ်လို့ နီပေါအာဏာပိုင်တွေက ပြောဆိုထားပေမယ့် ဂျာမနီ ဘူမိဗေဒဌာနကတော့ ငလျင်ဟာ ပြင်းအား ၅ ဒသမ ၇ မဂ္ဂနီကျူအဆင့်သာရှိတယ်လို့ ဆိုပါတယ်။
အဆိုပါငလျင်ဟာ ၂ဝ၁၅ ခုနှစ်နောက်ပိုင်း လှုပ်ခတ်ခဲ့တဲ့ငလျင်တွေထဲမှာ လူသေဆုံးမှုအများဆုံး ငလျင်ဖြစ်ခဲ့ ကြောင်း ဆိုပါတယ်။ ငလျင်ဟာ နီပေါနိုင်ငံမြို့တော် ခတ္တမန္တူမြို့ အနောက်ဘက် မိုင်ပေါင်း ၃ဝဝ ကျော် အနီးရှိ တောင်ကုန်းနားကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ရာ သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာကို စိုးရိမ်မိကြောင်း နီပေါအာဏာပိုင်တွေက ပြောပါတယ်။ ငလျင်ကြီးနဲ့အတူ ငလျင်ငယ်လှုပ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဂျာရာကော့ မြို့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရှာမာက "ဒဏ်ရာရသူအရေအတွက်ဟာ ရာနဲ့ချီမြင့်တက်လာနိုင်ဖွယ်ရှိတယ်။ သေဆုံးသူအရေအတွက်လည်းမြင့်တက်လာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက သေဆုံးခဲ့သူ ၁၂၈ ဦးအနက် ၉၂ ဦးက ဂျာဂျာကော့မြို့ကဖြစ်ပြီး ကျန် ၃၆ ဦးက ရူကမ် ဒေသတို့ကဖြစ်ကြောင်း ပြောပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက "အိမ်များစွာ ပြိုကျပျက်စီးခဲ့တယ်။ အပျက်အစီးတွေ အများကြီးဖြစ်ခဲ့တယ်။ ဒေသခံတွေဟာ ငလျင်ကြောင့် အိမ်တွေပြိုကျခဲ့တဲ့အတွက် တစ်ညလုံး အအေးထဲနေထိုင်ခဲ့ရတယ်။ ဒေသခံတွေဟာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အိမ်ထဲကိုပြန်ဝင်ဖို့ စိုးရိမ်တာမျိုးတွေလည်း ရှိခဲ့တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းသူ အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း