ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်၍ HONDA FIT ပေါ် ပိမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်၍ HONDA FIT အိမ်စီးကားပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်)၊ နေ့လည် ၂ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း နှင့် နဝဒေးရုပ်ရှင်ရုံလမ်းထောင့်၊ လမ်းဝမီးပွိုင့်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖြစ်စဉ်တော့ အတိအကျမသိခဲ့ဘူးဗျ။ ကျွန်တော်တို့လဲ မှောက်ပြီးမှ ရောက်တာဆိုတော့လေ။ ကုန်ကားက မှောက်ပြီး HONDA FIT ကား ပေါ်ကို ပိမိတာပေါ့။ မှောက်တဲ့ကားက ဆန်တွေ တင်လာတဲ့ကားပါ” ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကုန်တင်ကားပိမိသည့် HONDA FIT အိမ်စီးကား၌ ကားခေါင်းပိုင်းတစ်ခုလုံး နှင့် ကိုယ်ထည်တစ်ခြမ်းလုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ကုန်ကားပိမိတဲ့ HONDA FIT ကားက ကားခေါင်းနဲ့ ကိုယ်ထည်တစ်ခြမ်းလုံးပိမိတာဆိုတော့ ပျက်စီးသွားတာပေါ့။ အခြားထိခိုက်တာတွေတော့ မတွေ့ရပါဘူး။ အခင်းဖြစ်တော့ ယာဉ်ထိန်း ရဲတွေရောက်လာပြီး ရှင်းလင်းခဲ့ရတာပါ။ ယာဉ်ကြောပိတ်ဆို့တာတော့ ခဏတော့ ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ၎င်းယာဉ်တိမ်းမှောက်မှုကို သက်ဆိုင်ရာယာဉ်ထိမ်းရဲများမှ ယာယီလမ်းပိတ်ကာ ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်တန်ချိန် (၅၀)အထက် သိုလှောင်သည့် သိုလှောင်ရုံများအနေဖြင့် ယနေ့မှစ၍ မှတ်ပုံတင်ရမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ