Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါလက်စတိုင်းတို့ လူမျိုးသုဉ်းရတော့မည့် အန္တရာယ် အရေးတကြီးဖြစ်လာ၍ အပစ်အခတ် ရပ်စဲရန် လိုအပ်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများဆို

Htay Oung (NSS) - နိုဝင်ဘာ ၃

ပါလက်စတိုင်းတို့အနေနဲ့ လူမျိုးသုဉ်းဖြစ်ရမယ့် အန္တရာယ်နဲ့ အသည်းအသန်ဖြစ်နေခိုက်မှာ အချိန်တွေဟာ အလဟသဖြစ်နေရပြီး ဂါဇာကမ်းမြှောင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ကြာသပတေးနေ့မှာ ပြောဆိုတယ်လို့ Reuters က ယနေ့ (နိုဝင်ဘာလ ၃ ရက်)မှာ ရေးသားပါတယ်။ 


အောက်တိုဘာလ ၇ ရက်က နိုင်ငံ့တောင်ပိုင်းမှာ ဟားမတ်စ်သေနတ်သမားတွေရဲ့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ကမ်းမြှောင်ဒေသအတွင်း အစ္စရေးရဲ့ သီတင်းလေးပတ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးအများစုပါဝင်တဲ့ လူပေါင်း ၉၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်အဖွဲ့ ကြီးမှူးတဲ့ ကျန်းမာရေး အာဏာပိုင်တွေ ပြောပါတယ်။

အစ္စရေးကတော့ သူတို့အနေနဲ့ ဟားမတ်စ်တို့ကို ရည်ရွယ်တိုက်ခိုက်နေခြင်းဖြစ်ပြီး အရပ်သားများအပေါ် ပစ်မှတ်ထားခြင်း မရှိကြောင်း၊ ဟားမတ်စ်တို့ကသာ အရပ်သားတွေကို လူသားဒိုင်းများအဖြစ် အသုံးချနေတယ်လို့ စွပ်စွဲထားပါတယ်။

ပါလက်စတိုင်းလူမျိုးတွေအနေနဲ့ လူမျိုးသုဉ်းဖြစ်ရမယ့် အရေးတကြီးအန္တရာယ်ရှိနေကြောင်း မိမိတို့ ယုံကြည်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားတဲ့ ကျွမ်းကျင်သူအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကူအညီသာလျှင် အလိုအပ်ဆုံးဖြစ်နေသူတွေကို လက်လှမ်းမီနိုင်စေဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုတယ်လို့ ပြောပါတယ်။

အဲဒီလို ပြောဆိုမှုတွေဟာ ဝမ်းနည်းဖွယ်ကောင်းပြီး မနှစ်မြို့စရာတွေဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်တဲ့ ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးကတော့ အရပ်သားသေဆုံးမှုအတွက် ဟားမတ်စ်တို့မှာသာ တာ၀န်ရှိတယ်လို့ အပြစ်တင်ပါတယ်။

အောက်တိုဘာလ ၇ ရက် ဟားမတ်စ် အကြမ်းဖက်သမားတွေဟာ အစ္စရေးလူ့အဖွဲ့အစည်းအတွင်း အစုလိုက်အပုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြကြောင်း၊ ကလေးငယ်များ၊ အမျိုးသားနဲ့ အမျိုးသမီး ၂၄၃ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း၊ လူပေါင်း ၁၄၀၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အတွက် အစ္စရေးနိုင်ငံရဲ့ ၇၅ နှစ်တာ သမိုင်းတစ်လျှောက် (တစ်ရက်တည်း)  အများဆုံး သေဆုံးရမှုဖြစ်တယ်လို့ တုံပြန်ပြောဆိုပါတယ်။

နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိုင်ငံနေထိုင်သူ၊ ဇာတိဖွား၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စုတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို တမင်ဖျက်ဆီးရန် သီးခြားရည်ရွယ်ချက်ဖြင့် ကလေးမွေးဖွားခြင်းကို တားဆီးခြင်း၊ ကလေးများကို အုပ်စုတစ်စုမှ အခြားအုပ်စုသို့ အတင်းအကျပ် လွှဲပြောင်းခြင်းများ အပါအဝင် ၎င်းတို့ရဲ့ အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် ပြုမူခြင်းများဟာ လူမျိုးသုဉ်းပြုမူရာရောက်ရှိတဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကေ့ခ်ျမက်ကီဘာဟာ OHCHR လို့ ခေါ်တဲ့ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာမင်းကြီးရုံးမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်ပါတယ်။ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး လူမျိုးသုဉ်းပြုမှုအဖြစ် မျက်ဝါးထင်ထင် မြင်တွေ့နေရပါလျက် တာ၀န်ယူ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဟာ အဲ့ဒီကိစ္စကို ရပ်တန့်ရန် အစွမ်းအစ မရှိကြောင်း ပေါ်လွင်နေတယ်လို့ အောက်တိုဘာ ၂၈-ရက်နေ့မှာ ကေ့ခ်ျမက်ကီဘာက OHCHR မဟာမင်းကြီးထံ စာရေးသားပြီးနောက် ရာထူးမှ နှုတ်ထွက်သွားပါတယ်။

ကေ့ခ်ျမက်ကီဘာရဲ့ ရာထူးမှ နှုတ်ထွက်မယ့် အစီအစဉ်ဟာ ယခုသီတင်းပတ်အတွင်း အသက်ဝင်လာခြင်းသာ ဖြစ်ကြောင်း၊ သူရဲ့ပြောဆိုချက်တွေဟာ သူ့ရဲ့ ပုဂ္ဂလိက ခံစားမှုအရသာဖြစ်ပြီး  OHCHR ရုံးရဲ့ သဘောထားများအ ပေါ် ထင်ဟပ်ခြင်း မရှိကြောင်း ကုလသမဂ္ဂ အခွင့်အရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ နေထိုင်သူတို့ဟာ အသက်ရှင်ဖို့အတွက် အခြေခံအကျဆုံး အစိတ်အပိုင်းများကို ဆုံးရှုံးခဲ့ရကြောင်း ကျွမ်းကျင်သူများရဲ့ ကြေညာချက်ကို ထုတ်ပြန်ပြီးနောက် လက်မှတ်ရေးထိုးထားသူ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဆက်လက် ဖြစ်ပွားနေဆဲ ဒီကိစ္စမှာ (ပါလက်စတိုင်းတွေဖြစ်တယ်လို့) ဘယ်သူဘယ်ဝါ လုံး၀ ခွဲခြားမနေပဲ လူပေါင်း ၂ သန်းကျော်ကို ထိခိုက်နစ်နာစေတဲ့အတွက် လူမျိုးသုဉ်းပြုမှု အန္တရာယ်ဆိုတဲ့ စကားလုံးကို သုံးစွဲရခြင်း ဖြစ်တယ်လို့ မိလ္လာဘေးကင်းသော သောက်သုံးရေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ရှင်းပြပါတယ်။ လူမျိုးသုဉ်း ဖြစ်ရတဲ့အထိ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ သူ့အနေနဲ့ ယူဆတယ်လို့လည်း ပြောပါ တယ်။  

လူအများ စုပြုံ ပြွတ်သိအ်နေထိ်ုင်ကြတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲပြီးကတည်းက ထောက်ပံ့ရေးပစ္စည်းတွေ ပြတ်တောက်နေပြီး အဲဒီမှာ နေထိုင်သူများအတွက်  (လူသားတစ်ယောက်ရဲ့) လိုအပ်ချက်နဲ့ ကိုက်ညီမယ့် နေရာစရာရယ်လို့ မရှိတော့ဘူးလို့ အကူအညီပေးရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ကပ်ဘေးဆိုက်တဲ့အဆင့်ကို ရောက်ရှိနေပါပြီလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောကြားပြီး၊ ကမ်းမြှောင်ဒေသနေသူတို့ဟာ သောက်သုံးရေ၊ ဆေးဝါး၊ လောင်စာနဲ့ အခြား မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းများ ရှားပါးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့ မဟာမိတ်နိုင်ငံများအနေနဲ့ တာ၀န်ယူလိုစိတ်နဲ့ အစ္စရေးရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို တားဆီးဖို့ ခုချက်ချင်း လုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။ ခုနေ အချိန်မီသေးပြီး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း သဘောတူဖို့ အစ္စရေးနဲ့ သူ့ရဲ့မဟာမိတ်တို့ကို တောင်းဆိုပါတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောပါတယ်။

အစ္စရေးဝိုင်းပတ်ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်မှာ အပစ်အခတ် ဆိုင်းငံဖို့အတွက် ယနေ့ တဲလ်အဗစ်မြို့ကို ရောက်ရှိလာသူ နိုင်ငံခြားရေး၀န်ကြီး အန်သိုနီဘလင်ကင်ကတော့ သေဆုံးကြရတဲ့ ပါလက်စတိုင်းနဲ့ အစ္စရေး ကလေးငယ်များကို မြင်ရတိုင်း ၀မ်းနည်း စိတ်ပျက်မိကြောင်း၊ ပစ်အခတ် ဆိုင်းငံ့ပေမယ့် အမေရိကန်အနေနဲ့ အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ဟန့်တားမှာ မဟုတ်ဖူးလို့ပြောပါတယ်။

အဲဒီအတောအတွင်း မိမိတို့ရဲ့ ဂျက်တိုက်လေယာဉ်များ၊ အမြောက်ကြီးများနဲ့ ရေတပ်စစ်သင်္ဘောတို့ဟာ ဟားမတ်စ်ပစ်မှတ်တို့ကို တစ်နေကုန် တိုက်ခိုက်ပြီး စစ်သွေးကြွအမြောက်အများကို သုတ်သင်လိုက်တယ်လို့ အစ္စရေးက ပြောပါတယ်။

(Reuters., 3 Novemner 2023,” UN experts say ceasefire needed as Palestinians at 'grave risk of genocide'” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို TNLA အဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ နမ့်ခမ်းမြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved