လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်လာသော KIA နှင့် PDF အဖွဲ့ဝင်(၁၀)ဦးကို ငွေကျပ်(၁၆၅) သိန်း ထောက်ပံ့ခဲ့ကြောင်း နစက ထုတ်ပြန်
Pearl (NSS) - နိုဝင်ဘာ ၃
လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော KIA နှင့် PDF အဖွဲ့ဝင်(၁၀)ဦးကို ငွေကျပ်(၁၆၅)သိန်း ထောက်ပံ့ခဲ့ကြောင်း နစက က နိုဝင်ဘာလ (၂)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့(နို၀င်ဘာလ ၂ ရက်)တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ခြင်းမရှိသော KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦးတို့သည် AK-47 (၄) လက်၊ KO လက်နက်ငယ် (၂) လက်၊ AK-47 (၄၀) တွဲ (၁) လက်၊ 79 (၂) လက်၊ စနိုက်ပါ (၁) လက်နှင့် ၅.၅၆ ကျည် ၄၅၀ တောင့်၊ ၇.၆၂ စနိုက်ပါကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး (၂၉) လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး (၁၆) လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခု နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူပါလာသည့် လက်နက်ခဲယမ်းများကို အပ်နှံကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် ၁၆၅ သိန်းပေးအပ်ခဲ့ ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အလားတူ ပြစ်မှုကျူးလွန်ခြင်းမရှိသော ပဲခူးတိုင်း ၊ ပြည်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် ရန်ကုန်တိုင်း၊ တွံတေးမြို့မှ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
၎င်းတို့အား ပြန်လည်ကြိုဆိုလက်ခံခြင်းကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် သင်္ကန်းညီနောင်တပ်နယ် မြဝတီခန်းမ၌ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထား သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Mobile Application နှင့် Website များ၌ E-Book ထုတ်ဝေနေသူများ လုပ်ငန်းအသိအမှတ် ပြုလက်မှတ်ရယူရန်လိုအပ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ