Mobile Application နှင့် Website များ၌ E-Book ထုတ်ဝေနေသူများ လုပ်ငန်းအသိအမှတ် ပြုလက်မှတ်ရယူရန်လိုအပ်
စော (NSS) - နိုဝင်ဘာ ၃
Mobile Application နှင့် Websit များ၌ E-book ထုတ်ဝေနေသူများ လုပ်ငန်းအသိအမှတ် ပြုလက်မှတ်ရယူရန်လိုအပ်ကြောင်း သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာလ ၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ Digital Platform ဖြစ်သည့် Mobile Application နှင့် Website များထောင်၍ E-Book များ ထုတ်ဝေဖြန့်ချီလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ E-Book များသည် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာအဓိပ္ပာယ်ဖြင့် အကျုံးဝင်နေခြင်းကြောင့် သက်ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း သိရသည်။
ထိုကြောင့် E-Book များ ထုတ်ဝေဖြန့်ချီနေသူများသည် ဥပဒေပုဒ်မ (၁၅)နှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူရန်လိုအပ်သည့်အပြင် ၎င်းထုတ်ဝေစာများသည် ပုဒ်မ(၈)ပါ စည်ကမ်းချက်များနှင့်အညီ ရေးသားထုတ်ဝေရန်လိုကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် နည်းဥပဒေ ၁၅(ခ)နှင့်အညီ E-Book Soft Copy (၅)အုပ်/ (၅)စောင်ကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ပေးအပ်ရန်လိုပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ် နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖန်တီး၍ ထုတ်ဝေလိုက်သည့်စာအပြင် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း နှင့် စာအုပ်များကို ဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဥပဒေပုဒ်မ (၁၅)တွင် မည်သူမျှ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်း မပြုရဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ငွေကျပ်သိန်းပေါင်း (၄)သောင်းကျော် ဂုဏ်ပြုချီးမြှင့်ခံရ
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ