ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခြင်းဖြင့် အနောက်အုပ်စုနိုင်ငံများဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ထိခိုက်အောင် လုပ်ဆောင်နေကြောင်း ရုရှားသမ္မတပူတင်ပြော
Pika (NSS) - နိုဝင်ဘာ ၂
ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခဲ့သော အနောက်အုပ်စုနိုင်ငံများသည် အဆိုပါပိတ်ဆို့မှုများနှင့်ဆက်နွယ်ပြီး ပြန်လည်ထိခိုက်မှုများ နှင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောခဲ့သည်။
ပူတင် က "ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ကို အပြစ်ပေးနိုင်ဖို့အတွက် အနောက်အုပ်စုနိုင်ငံတွေဟာ မရေမတွက်နိုင်တဲ့ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒါဟာ သိသာထင်ရှား တဲ့ ရလဒ်တစ်ခုပဲ ထွက်လာစေပါတယ်။ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့နိုင်ငံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် စီးပွားရေးတွေ၊ ကိုယ်ပိုင်အလုပ်တွေပဲ ပြန်လည်ထိခိုက်ခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရန် ရုရှားနိုင်ငံတာဝန်ရှိသူများကို ပူတင်က တိုက်တွန်းခဲ့ပြီး ပြည်ပနိုင်ငံများ၏ ဖြစ်နိုင်ခြေရှိသော ဖျက်ဆီးမှုလုပ်ငန်းများကိုလည်း စောင့်ကြည့်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပူတင်က "ပိတ်ဆို့အရေးယူမှုတွေကို ထိရောက်စွာဖြေရှင်းနိုင်မှုတွေနဲ့အတူ အရေးကြီးတဲ့အခြေခံအဆောက်အဦး တွေကို ဖျက်ဆီးမှုတွေ ပြုလုပ်လာနိုင်ပါတယ်။ Nord Stream ပိုက်လိုင်းနဲ့ပတ်သက်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မှတ်မိပါတယ်" ဟု ပြောခဲ့သည်။ ယူကရိန်းအပေါ် ရုရှား၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများသည် ရုရှား၏ ဘဏ္ဍာရေး၊ စွမ်းအင်ကဏ္ဍ အပါအဝင် အခြားနယ်ပယ်များအပေါ် ပိတ်ဆို့အရေးယူမှုများကို အကြိမ်ကြိမ်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
သို့သော်လည်း ရုရှား၏ စီးပွားရေးသည် ပြင်ပနိုင်ငံများ၏ဖိအားများကို အောင်မြင်စွာထိန်းညှိနိုင်ခဲ့သလို ဆုံးရှုံးသွား သော ကုန်သွယ်မှုဆက်ဆံရေးများအား အစားထိုးရန်နည်းလမ်းများကို ရှာဖွေနိုင်ခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Sinualov က ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောခဲ့သည်။
ဗြိတိန်၊ ပြင်သစ် နှင့် ဂျာမနီတို့ အပါအဝင် ဥရောပရှိနိုင်ငံ အများအပြားတွင် ငွေကြေးဖောင်းပွမှု နှင့် နေထိုင်မှု စရိတ်မြင့်တက်လာမှုများကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။ ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှု မူဝါဒများသည် အလုပ်မဖြစ်ကြောင်း နှင့် ဥရောပသမဂ္ဂ၏ မူဝါဒများသည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေ ခြင်းမျိုးသာဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဗန်က ယခုနှစ်အစောပိုင်းတွင် ထုတ်ဖော်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နှင့် နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများပြုလုပ်ရန် တရုတ်နိုင်ငံက သဘောတူညီခဲ့ကြောင်း သတင်းများထွက်ပေါ်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း