ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် လူပေါင်း (၆၂၀၀)ကျော် နေရပ်စွန့်ခွာခဲ့ရဟု UNOCHA ထုတ်ပြန်
စော(NSS) - နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူပေါင်း (၆၂၀၀)ကျော် နေရပ်စွန့်ခွာခဲ့ရပြီး သစ်တောများ နှင့် ဘာသာရေးဆိုင်ရာနေရာများတွင် ခိုလှုံနေရကြောင်း သိရသည်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ယနေ့ (နိုဝင်ဘာလ ၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တပ်မတော်စခန်းချရာနေရာများနှင့် ရဲစခန်းများကို ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်) တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်အဖွဲ့များက ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်း နှင့် မူဆယ်မြို့နယ်များတွင် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပေါ်ခဲ့ပြီး တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ဖက်စလုံးက လမ်းများပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခြင်းများ ပြုလုပ်ခြင်းကြောင့် အရပ်သား နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လူဦးရေ (၆၂၀၀)ကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး အနီးအနားရှိ သစ်တောများ နှင့် ဘာသာရေးဆိုင်ရာနေရာများတွင် ခိုလှုံနေရကြောင်း သိရသည်။
အဆိုပါ နေရပ်စွန့်ခွာခဲ့သူများကို အိမ်ရှင်ရပ်ရွာလူထုများက အစားအသောက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီထားကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ကိုးကန့်၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် နှင့် နမ့်ခမ်းမြို့များတွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်လျက်ရှိပြီး ကွတ်ခိုင်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း သိရသည်။
MNDAA ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့သည် (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) မြို့နယ်များရှိ လုံခြုံရေးစခန်းများကို အင်းအားအလုံးအရင်းများဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းရွှေဟော်၊ ဖောင်းဆိုင် နှင့် ကြူကုတ် နေရာ(၃)ခုကို လက်လွှတ်ခဲ့ရကြောင်း နစက ထုတ်ဖော်အသိပေး
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း