အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ကြားနေနိုင်ငံအဖြစ်သာရပ်တည်ရန် ရုရှားနိုင်ငံသားအများစု လိုလားနေ
Pika (NSS) - နိုဝင်ဘာ ၂
ရုရှားနိုင်ငံသားအများစုသည် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် မည်သည့်ဘက်ကိုမှ ထောက်ခံခြင်းမျိုးမရှိကြောင်း အောက်တိုဘာလ(၃၁)ရက်တွင် ထုတ်ပြန်ခဲ့သောစစ်တမ်းတစ်ခုအရ သိရသည်။
မော်စကိုအခြေစိုက် စစ်တမ်းကောက်ယူသူ FOM က အောက်တိုဘာလ (၁၃) ရက်မှ (၁၅)ရက်ကြားတွင် လူပေါင်း (၁၅ဝဝ) ကို စစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူများ၏ (၇၃)ရာခိုင်နှုန်းက ၎င်းတို့သည် မည်သည့်ဘက်ကိုမှ ထောက်ခံခြင်းမရှိကြောင်း ဖြေဆိုခဲ့ကြပြီး (၁ဝ)ရာခိုင်နှုန်းက ပါလက်စတိုင်းကိုထောက်ခံကာ အခြား(၉)ရာခိုင်နှုန်း က အစ္စရေးကို ထောက်ခံခဲ့ကြကြောင်း သိရသည်။
ဖြေဆိုသူ(၄ဝ) ရာခိုင်နှုန်းနီးပါးက အဆိုပါပဋိပက္ခဖြစ်ပွားလာရသည့် အကြောင်းအရင်း မူလဇစ်မြစ်ကို ဖြေဆိုခဲ့ခြင်း မျိုး မရှိကြောင်းလည်း သိရသည်။ ထို့အပြင် (၅)ရာခိုင်နှုန်းက အစ္စရေးကို ပြစ်တင်ပြောဆိုခဲ့ကြသလို (၃) ရာခိုင်နှုန်း က ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမက်ကို ပြစ်တင်ပြောဆိုခဲ့ကြကြောင်း သိရသည်။
အခြား(၁၂)ရာခိုင်နှုန်းက အဆိုပါပဋိပက္ခအတွက် အနောက်အုပ်စုနိုင်ငံများတွင် တာဝန်ရှိကြောင်း ဖြေဆိုခဲ့ကြပြီး အခြား(၁ဝ)ရာခိုင်နှုန်းက အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို နယ်မြေပဋိပက္ခအဖြစ် ဖော်ပြပြောဆိုခဲ့ကြကြောင်း သိရသည်။
ဖြေဆိုသူ(၆၅)ရာခိုင်နှုန်းနီးပါးမှာ အဆိုပါပဋိပက္ခကို ဂရုမစိုက်ကြောင်း ဖြေဆိုခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထား သည်။ ရုရှားအစိုးရသည် အစ္စရေးနိုင်ငံသား(၁၄ဝဝ)နီးပါး သေဆုံးစေခဲ့သော ဟားမက်အဖွဲ့၏ အောက်တိုဘာလ (၇)ရက်က တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် အစ္စရေးနိုင်ငံသည် ပါလက်စတိုင်းပြည်သူများကို အလွန်အကျွံသတ်ဖြတ်နေကြောင်း ရုရှားအစိုးရက စွပ်စွဲပြောဆိုခဲ့ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ ပါလက်စတိုင်းနိုင်ငံသား (၈ဝဝဝ) ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသတာဝန်ရှိသူများက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် လူပေါင်း (၆၂၀၀)ကျော် နေရပ်စွန့်ခွာခဲ့ရဟု UNOCHA ထုတ်ပြန်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း