နှစ်နိုင်ငံအလုပ်သမားရေးရာ နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးရန် မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေး
ကျော် (NSS) - နိုဝင်ဘာ ၂
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Phiphat Ratchakitprakarn နှင့်တွေ့ဆုံကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်အထိကျင်းပမည့် အာဆီယံ-တရုတ်ဖိုရမ်သို့တက်ရောက်ရန် တရုတ်နိုင်ငံသို့သွားရောက်စဥ် သုဝဏ္ဏဘူမိလေဆိပ်၌ ခေတ္တရပ်နားချိန်တွင် ထိုင်းအလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံရာ၌ နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးရန် နှင့် MOU လူသစ်စေလွှတ်ခြင်း၊ MOU U-turn စနစ်ဖြင့် လူဟောင်းပြန်လည်စေလွှတ်ခြင်းများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင်လည်းကောင်း၊ အလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး MoU စနစ်ဖြင့် တရားဝင်အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။
ထိုင်းနိုင်ငံတွင် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ် သမားများကို(ပန်းရောင်ကတ်)ထုတ်ပေးနိုင်ရေး၊အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား Certificate of Identity- CI ဖြင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေးဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများအား နှစ်နိုင်ငံအကျိုးရလဒ်ကောင်းများပေါ်ထွက်စေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် ညနေပိုင်း၌ လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်းသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ကြားနေနိုင်ငံအဖြစ်သာရပ်တည်ရန် ရုရှားနိုင်ငံသားအများစု လိုလားနေ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း