မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်ကောင်စီဝင် နဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တွေ့ဆုံဆွေးနွေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃၁
မြန်မာနိုင်ငံနဲ့ တရုတ်နယ်စပ်ဒေသမှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ တရုတ်ပြည်သူ လုံခြုံရေးဆိုင်ရာန်ကြီးဖြစ်သလို နိုင်ငံတော်ကောင်စီဝင် Wang Xiaohong ဟာ မြန်မာနိုင်ငံကို အောက်တိုဘာ ၃ဝ ရက်က ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသငြိမ်းချမ်းရေးအတွက် မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရာပြည့် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မြန်မာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၊ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ဟာ မြန်မာတပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး မြို့အချို့ကို ထိန်းချုပ်ထားကြောင်း သိရပါတယ်။
အဆိုပါလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ဟာ အင်အား ၁၅ဝဝဝ ရှိနေပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အရင်းအမြစ်များ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ပိုင်မီဒီယာတစ်ခုဖြစ်တဲ့ Global New Light of Myanmar က တရုတ်ကောင်စီဝင်ဖြစ်တဲ့ Wang Xiaohong ဟာ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် နဲ့ တရုတ်ကောင်စီဝင်တို့ဟာ နှစ်နိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတို့ အပြင် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ဖို့ အဓိကထားဆွေးနွေးခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုနဲ့ပတ်သက်တဲ့အသေးစိတ်ကို ဖော်ပြထားခြင်းမျိုးမရှိကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားပါတယ်။
မြန်မာအစိုးရက အောက်တိုဘာ ၂၇ ရက်နောက်ပိုင်းတည်းက ရှမ်းပြည်နယ်ရှိ စစ်စခန်းပေါင်း အနည်းဆုံး ၁ဝ နေရာ တိုက်ခိုက်ခံရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံကိုယ်စားလှယ်များဟာ မြန်မာအစိုးရ တာဝန်ရှိ သူများနဲ့ ပြီးခဲ့တဲ့လများအတွင်း မကြာခဏတွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်အွန်လိုင်း အသုံးပြုကာ လှုပ်ရှားနေတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများဟာ တရုတ်ငွေကြေးနဲ့ တရုတ် ဆင်းကဒ်အသုံးပြုနေတဲ့ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုလုပ်ဆောင်ခြင်းအပေါ် စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ဖို့ အပစ်ခတ်ရပ်စဲရေးကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်ပယ်ချ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း