ဟားမက်စ်အဖွဲ့တောင်းဆိုတဲ့အတိုင်း အကျဉ်းသားအချင်းချင်းလဲလှယ်ဖို့ အစ္စရေးဝန်ကြီးချုပ်ကို ပြန်ပေးဆွဲခံထားရသူ မိသားစုဝင်များ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
ဟားမက်အဖွဲ့ရဲ့ပြန်ပေးဆွဲခြင်းခံထားရသူတွေရဲ့မိသားစုတွေဟာ ဟားမက်စ်အဖွဲ့တွေတောင်းဆိုထားတဲ့အတိုင်း အကျဉ်းသားတွေအလဲလှယ်လုပ်ဖို့ လိုလားနေကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂ဝဝ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီး အဲဒီပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်ပေးစေလိုရင် အစ္စရေးအကျဉ်းထောင်တွေအတွင်း ဖမ်ဆီးခံထားရတဲ့ ပါလက်စတိုင်းလူမျိုးများကို ပြန်လွှတ်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ပြီးခဲ့သောရက်ပိုင်းက ပြန်ပေးဆွဲခံထားရသူတွေရဲ့မိသားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မိသားစုဝင်များက အကျဉ်းသားအချင်းချင်းအလဲအထပ်လုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က ပြန်ပေးဆွဲခံထားရသူအားလုံးကိုအိမ် ပြန်နိုင်စေဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့အရာရာအတိုင်း လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ပြန်ပေးဆွဲခံထားရသူတွေရဲ့မိသားစု ကိုယ်စားလှယ်များက ဟားမက်စ်နဲ့ ဖမ်းဆီးခံထားရသူတစ်ဦးချင်း လဲလှယ်တာမျိုးလုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ပြန်ပေးဆွဲခံထားရသူအားလုံးရဲ့မိသားစုဝင်တွေက ၎င်းတို့ရဲ့ချစ်လှစွာမိသားစုဝင်များ ပြန်လည်လွတ်မြောက်စေဖို့ အကျဉ်းသားအချင်းချင်းလဲလှယ်တာမျိုးကိုလုပ်ဖို့ လိုလားနေသလိုအချို့ကလည်း ဝန်ကြီးချုပ်နေတန်ရာဟုကို ဝေဖန်ပြစ်တင်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြန်ပေးဆွဲခံထားရသူအားလုံး ပြန်လည်လွတ်မြောက်ရေးဟာ ဟားမက်စ် အဖွဲ့အပေါ် ပြုလုပ်နေတဲ့စစ်ပွဲရဲ့ အဓိကပန်းတိုင်ဖြစ်ကြောင်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သူက ဆင်ဝါးက ၎င်းတို့ဟာ ဖမ်းဆီးခံထားရသူအချင်းချင်းလဲလှယ်ဖို့ အဆင်သင့်ရှိနေကြောင်း အောက်တိုဘာ ၂၈ ရက်မှာ ထပ်မံပြောဆိုခဲ့ပါတယ်။
၎င်းက "အစ္စရေးအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေး မယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခဲ့တဲ့ အစ္စရေးစစ်သားတွေ အပါအဝင် ပြန်ပေးဆွဲခဲ့သူအားလုံး ပြန်လွှတ်ပေးဖို့ အဆင်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သိန္နီ၊ လားရှိုး၊ နောင်ချိုမြို့နယ်များရှိ လုံခြုံရေးစခန်းများကို MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့ ဆက်လက် တိုက်ခိုက်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ