မြန်မာသံရုံးဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုသော ထိုင်းနိုင်ငံရောက် PDF ထောက်ပို့တစ်ဦးအား Passport အသစ် ထုတ်ပေးခွင့်ရှိသူ စာရင်းမှပယ်ဖျက်
Pearl (NSS) - အောက်တိုဘာ ၂၈
မြန်မာသံရုံးဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုသော ထိုင်းနိုင်ငံရောက် PDF ထောက်ပို့တစ်ဦးအား Passport အသစ် ထုတ်ပေးခွင့်ရှိသူစာရင်းမှ ပယ်ဖျက်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
Oake Kar Soe (ခ) ချစ်ကိုကိုသည် ပြီးခဲ့သည့် အောက်တိုဘာလ (၂၅)ရက်တွင် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် လာရောက်ဆောင်ရွက်ရာ၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာသံရုံးဝန်ထမ်းများ၏တာဝန်အရ ဆောင်ရွက်နေမှုများကို Oake Kar Soe အမည်ဖြင့် Tik Tok တွင် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုချစ်ကိုကိုသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် MOU အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လာ ရောက်ခဲ့သူဖြစ်ပြီး နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းကုန်ခါနီးသဖြင့် မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်အသစ်လုပ်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် PDF များကို ထောက်ပို့လုပ်ငန်း ဆောင်ရွက်ပေးနေသူဟု Tik Tok တွင် နာမည်ရှိနေသဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခွင့်ရှိသူစာရင်းမှ ပယ်ဖျက်ထားခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အသိပေးထားသည်။
ပြည်ပတွင်နေထိုင်သူများအနေဖြင့် နိုင်ငံကူးလက်မှတ်မရှိလျှင် မလုံခြုံခြင်းကြောင့် လက်မှတ် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်တတ်ရန် လိုအပ်ကြောင်းလည်း ဝန်ကြီးဌာနမှ အကြံပြုထားသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများသည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလာသူများကို Blacklists (အမည်ပျက်စာရင်း)၊ Watch Lists (စောင့်ကြည့်စာရင်း) စစ်ဆေးပြီးနောက် ကင်းလွတ်သူများကိုသာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကို အပစ်ခတ်ရပ်စဲရန် တရုတ်အစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း